Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ရီးယဲလ်ဂိုးပြတ်ခဲ့ပြီး၊ မော်ရင်ဟိုရဲ့ချယ်ဆီး သရေသာရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်များ

$
0
0

ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
M-Media

1192097-24919080-640-360
- ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ် ၂ ခုကို ယနေ့နံနက်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ် အသင်းက ဂျာမန်မြေမှာ ရှော်လ်ကာအသင်းကို ဂိုးပြတ်ခြေပြတ်နဲ့ အနိုင်ရခဲ့ကာ နောက်တစ်ဆင့် တက်ဖို့ တော်တော်လေး အခြေအနေ ကောင်းသွားခဲ့ပါတယ်။ ချယ်ဆီးကတော့ တူရကီမြေမှာ ဂါလာတာစာရေးကို သရေသာ ရခဲ့ပါတယ်။

ရီးယဲလ်က ဒီပွဲမှာ ရော်နယ်ဒို၊ ဘင်ဇီမာ၊ ဂါရက်ဘေးလ်တို့နဲ့ လူစုံထုတ်ခဲ့ပြီး အိမ်ရှင် ရှော်လ်ကာအသင်းကို အင်ပြည့်အားပြည့် ယှဉ်ပြိုင် ခဲ့ပါတယ်။ ပွဲစတာနဲ့ ရီးယဲလ်က ကစားကွက်အသာ ကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာတင် ၂ ဂိုးပြတ်ခဲ့ပါတယ်။ ဂျာမန်မြေမှာ ကစားတိုင်း အခက်တွေ့ရလေ့ရှိတဲ့ အစဉ်အလာကို ဒီပွဲမှာတော့ ရီးယဲလ်တို့ ခြေဖျက်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ၄ ဂိုးထပ်သွင်းကာ ၆ ဂိုး ၁ ဂိုးနဲ့ ပွဲသိမ်းခဲ့ပါတယ်။ ရီးယဲလ်အတွက် ဂိုးတွေကိုတော့ ဘန်ဇီမာ၊ ဂါရက်ဘေးလ်နဲ့၊ ရော်နယ်ဒိုတို့က ၂ ဂိုးစီ သွင်းယူပေးခဲ့ပြီး၊ ရှော်လ်ကာ အတွက် နှစ်သိမ့်ဂိုးကိုတော့ ယခင် ရီးယဲလ် ကစားသမားဟောင်း ဟန်တယ်လာက သွင်းယူပေးခဲ့ပါတယ်။ ရီးယဲလ် တိုက်စစ်မှူး ရော်နယ်ဒို ဒီထက် ဂိုးပိုရနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့သာ ၂ ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရတာပါ။ ဒီပွဲအနိုင်ဟာ ဂျာမန်မြေပေါ်မှာ ရီးယဲလ်ရဲ့ ဒုတိယမြောက် အနိုင်လည်းဖြစ်ပြီး ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ပြိုင်ပွဲမှာ ၆ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးအသင်းလည်း ဖြစ်လာပါတယ်။

အစ္စတန်ဘူလ်မှာ ကစားခဲ့တဲ့ ချယ်ဆီးနဲ့ ဂါလာတာစာရေးတို့ပွဲမှာတော့ မော်ရင်ဟိုရဲ့ ချယ်ဆီးအသင်း ပွဲအစပိုင်းမှာ ကစားကွက်အသာရခဲ့ပြီး ပွဲအစ ၉ မိနစ်မှာပဲ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ အန်ဒရီ ရှာရဲလ်၊ အေဒင် ဟာဇာ့ဒ်ရဲ့ တွဲလုံးကနေတစ်ဆင့် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်းမှာလည်း ချယ်ဆီးက ဂိုးသွင်းခွင့်အနည်းငယ်ရခဲ့ပြီး ၂၇ မိနစ်မှာ ရာမီးရက်စ်ရဲ့ကန်ချက် ဘားတန်းထိ ထွက်ခဲ့လို့ ချယ်ဆီးဆို့ နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ အိမ်ရှင် ဂါလာတာစာရေးတို့ ပိုကောင်းခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ကာ ၆၄ မိနစ်မှာတော့ စနိုက်ဒါရဲ့ ထောင့်ကန်ဘောကတစ်ဆင့် နောက်ခံလူ ချက်ဂျူက အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဂါလာတာစာရေးက ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဂ်ဘာ ဒီပွဲမှာ ချယ်ဆီးဂိုးပေါက်ကို ကန်သွင်းခွင့် တစ်ကြိမ်သာ ရခဲ့ပါတယ်။ ချေပဂိုးပေးလိုက်ရပြီးတဲ့နောက် နည်းစနစ်ပိုင်း အပြောင်းအလဲလုပ်ခဲ့ပြီး သရေရထားတဲ့ ဂါလာတာစာရေး ဒုတိယအကျော့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချယ်ဆီးကို ဘယ်လိုရင်ဆိုင်မလဲဆိုတာက စိတ်ဝင်တစား စောင့်ကြည့်ရတော့မှာပါ။

ဒီနေ့မနက် ချန်ပီယံလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ရှော်လ်ကာ ၁-၆ ရီးယဲလ်
ဂါလာတာစာရေး ၁-၁ ချယ်ဆီး


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...