Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အင်ဒိုမီးလောင်မှုအား မိုးအတုလုပ်ကာ ငြှိမ်းသက်သွားမည်

$
0
0

မတ် ၁၅၊ ၂၀၁၄
M-Media
Asia-Haze-06242013-570x426
- အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားရှိ Riau ပြည်နယ်တွင် ဖြစ်ပွားနေသော မီးလောင်မှုများအား ငြိမ်းသတ်ရန်အတွက် စစ်သုံးလေယာဉ်များအား စေလွှတ်သွားမည်ဟု အာဏာပိုင်များက ယမန်နေ့တွင် ပြောကြားခဲ့သည်။

ဆီးအုန်းစိုက်ပျိုးရန် မြေယာများကို မီးရှို့၍ ပြုလုပ်ခဲ့ရာမှ တောမီးလောင်မှုများဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ထိုမီးလောင်မှုများအား မိုးအတုဖန်တီးကာ ငြှိမ်းသတ်ရန်အတွက် ဟာကျူလီ C-130 အမျိုးအစား စစ်လေယာဉ်များမှာ ယမန်နေ့က ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

ယမန်နေ့ကပြုလုပ်ခဲ့သော အစည်းအဝေးတွင် အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုက ထိုကဲ့သို့ မီးရှို့ကာ စိုက်ပျိုးမြေ ရှင်လင်းရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရန် ပြောကြားခဲ့သည်ဟု အင်ဒိုနီးရှား သဘာဝဘေး အန္တရာယ်အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပါဝို နူဂရိုဟိုကဆိုသည်။

ထိုမီးလောင်မှုကြောင့် ဖြစ်ပေါ်လာသော မီးခိုးငွေ့များက အင်ဒိုနီးရှားနိုင်ငံအပါအ၀င် မလေရှားနိုင်ငံတွင်လည်း လေထုညစ်ညမ်းမှုများဖြစ်ပေါ်စေပြီး၊ Riau ပြည်နယ်ရှိ အဓိက လေဆိပ်တစ်ခုကိုလည်း ၃ ရက်ကြာ ပိတ်ထားခဲ့ရသည်။ လူပေါင်း ၄၂၀၀၀ ကျော်မှာလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ခံစားနေရသည်။

ဆီအုန်းစိုက်ပျိုးရန် အဆိုပါပြည်နယ်ရှိ လယ်သမားများနှင့် ကုမ္ပဏီများက မြေယာများကို မီးရှို့ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး၊ မီးရှို့သည့်နေရာ ၁၄၅ နေရာရှိသည်ဟု ဂြိုဟ်တုမှ စစ်ဆေးမှုများအရ သိရသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...