မတ် ၁၅၊ ၂၀၁၄
M-Media
K K
![unnamed]()
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် မင်္ဂလာလမ်းတွင် ယနေ့ ညနေ ၅း၄၅-နာရီခန့်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ခဲ့သော်လည်း ရပ်ကွက်ပြည်သူများက မီးသတ်ဆေးဗူးများဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့မှုကြောင့် မီးငြိမ်းသွားသည်ဟု သိရသည်။
ဖြစ်စဉ်မှာ ထမင်းအိုးတည်ထားရာမှတဆင့် အပူလွန်ကဲ၍ ၁၀-မိနစ်ခန့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းမြို့နယ် မီးသတ်ဦးစီး ဌာနမှ သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုတွင် တန်ဖိုး ၃၀၀၀၀ ကျပ်နီးပါး ဒစ်ဂျစ်တယ် မီးဖိုတစ်လုံးသာဆုံးရှုံးမှုရှိခဲ့သည်ဟု သိရသည်။
“မီးဖိုးကတဆင့်ဖြစ်တာ။ လျှပ်စစ်မီးခလုတ်ရှိတယ်။ အဖွင့်အပိတ်ခလုတ်က ဖွင့်လို့လည်း မရဘူး ပိတ်လို့လည်း မရဘူး။ အသေကြီးဖြစ်နေတယ်။ အဲလိုဖြစ်နေတော့ မီးဝင်သွားတာပဲ လျှပ်စစ်အခေါ်အဝေါ်အရဆိုရင်တော့ တန်းပြီး လျှော့ဝင်သွားတာ ဒီဂျစ်တယ်မီးဖိုတစ်လုံး လောင်တာဖြစ်တဲ့အတွက် ၅ မိနစ်လောက်တော့ ကြာလိမ့်မယ်။ အပူလွန်ကဲပြီးလောင်တာပါ။” ဟု စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
Related Posts
- လေးကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သတင်း ညီလာခံကို မြန်မာနိုင်ငံတွင် ကျင်းပမည် (Mar 1, 2014)
- CNG ဂတ်စ်အိုးလျောက်ထားမှုကို ဆက်လက် ဆိုင်းငံ့ထားပါက ယာဉ်ပိုင်ရှင်များမှ ဆန္ဒဖော်ထုတ်သွားမည်ဟုပြော (Mar 1, 2014)
- အားကစားကွင်းပြန် မရပါက လမ်းလျောက် ဆန္ဒဖော်ထုတ် သွားမည်ဟုဆို (Feb 27, 2014)
- မြန်မာနိုင်ငံသည် အာရှတွင် အရေးပါသောဈေးကွက်များထဲမှ တစ်ခုဖြစ်လာ (Feb 27, 2014)
- ပုဒ်မ ၄၃၆ အရင်ဆုံးစပြင်ရန်လိုဟု ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် ကိုမိုးဃ်းသွေးပြော (Feb 24, 2014)
- မြို့ပတ်ရထားတွင် ကြုံတွေ့နေရသော အခက်အခဲများကို မြန်မာ့မီးရထားမှ ဖြေရှင်းနိုင်ရန် ကြိုးပမ်း (Feb 18, 2014)
- ၉၉-နှစ်တိုင်အောင် ဗိုလ်ချုပ်ကို လူတွေကဘာလို့ တမ်းတနေကြတာလဲဆိုတာ ကလေးတွေကို သိစေချင်တယ်ဟု နိုင်ငံရေးလှုပ်ရှားသူ ကိုစည်သူပြော (Feb 14, 2014)
- အမေရိကန်နိုင်ငံ တက္ကသိုလ်များမှ ပညာရေးအခွင့်အလမ်းများပြသ (Feb 14, 2014)
- ဘတ်စ်ကားများ စက္ကူလက်မှတ် သို့မဟုတ် I Pay ကတ် စနစ်ပြောင်းလဲရန်ကြိုးစားနေဟု မ.ထ.သ ပြော (Feb 6, 2014)
- ပရဟိတအသင်းအဖွဲ့များ၏ ညီညွတ်ရေး ဈေးရောင်းပွဲတော် (Jan 31, 2014)