Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဆားစ်ရောဂါနှင့် ဆက်စပ်သည့်ရောဂါပိုး တစ်မျိုးကြောင့် ဆော်ဒီတွင် လူငယ်တစ်ဦး သေဆုံး

$
0
0

မတ် ၁၅၊ ၂၀၁၄
M-Media
201431411323955734_20
- ဆားစ်ရောဂါနှင့် ဆက်စပ်သည့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါပိုး တစ်မျိုးကြောင့် လူငယ် အမျိုးသား တစ်ဦးသေဆုံး ခဲ့သည်ဟု ဆော်ဒီအာရေဗျနိုင်ငံက သတင်းထုတ်ပြန်ခဲ့သည်။

သေဆုံးခဲ့သူမှာ မြို့တော်ရီယာ့ဒ် အနောက်တောင်ဘက်ရှိ အလ်ခါ့ဂ်ျမြို့ရှိ အသက် ၁၉ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်သည်ဟု ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထိုဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဦးရေမှာ ၆၃ ဦးအထိ ရှိလာပြီဖြစ်သည်။

ထို့ပြင် ထိုဗိုင်းရပ်စ်ပိုး ကူးစက် ခံနေရသည့် ညီအစ်မ ၂ ဦးမှာလည်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ပြောကြားခဲ့သည်။ အသက်ရှု လမ်းကြောင်းဆိုင်ရာ ဆိုးရွားသော ရောဂါ တစ်မျိုးဖြစ်သည့် ဆားစ်ရောဂါမှာ ၂၀၀၃ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း၌ လျင်လျင်မြန်မြန် ပြန့်ပွားခဲ့ပြိး ထိုရောဂါကြောင့် အနည်းဆုံး လူ ၈၀၀ ခန့် သေဆုံးခဲ့ရသည်။

ယခုတွေ့ရှိရသည့် ဗိုင်းရပ်စ်ပိုးမှာ ဆားစ်ရောဂါနှင့် ဆပ်စပ်နေပြီး မကြာခဏဖြစ်ပွားလေ့ရှိသော အအေးမိရောဂါ အမျိုးအစားတွင် ပါဝင်သည်။

AP


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...