Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

လီဗာပူးလ်အား ရှုံးနိမ့်ခဲ့သောပွဲမှာ မိမိ၏ အဆိုးဝါးဆုံးနေ့ရက်များမှ တစ်ခုဖြစ်သည်ဟု ရူနီဆို

$
0
0

မတ် ၁၇ ၊ ၂၀၁၄
M-Media

Manchester-United-v-Liverpool-Premier-League-3249706

- ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်းအား ရှုံးနိမ့်ခဲ့ခြင်းမှာ အိပ်မက်ဆိုးတစ်ခုဖြစ်ပြီး မိမိ၏ဘ၀တွင် အဆိုးဝါးဆုံးနေ့ရက်ထဲမှ တစ်ရက်ဖြစ်သည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားခဲ့သည်။

နည်းပြမိုယက်စ်၏ ပထမဆုံးရာသီတွင်ပင် မန်ယူအသင်း၏ အခြေအနေမှာ ဆိုးရွားနေခဲ့ပြီး၊  ယမန်နေ့ကပွဲတွင်လည်း ခါးသီးသောပြိုင်ဘက် လီဗာပူးလ်အသင်းအား ဂိုးပြတ်ခြေပြတ်ဖြင့် ရှက်ဖွယ် ရှုံးနိမ်ခဲ့သည်။

ထိုပွဲတွင် မန်ယူအသင်းမှာ ပင်နယ်တီ ၃ လုံးအထိပေးခဲ့ရပြီး နောက်ခံလူဗီဒစ်မှာလည်း ၂ ၀ါ ၁ နီဖြင့် အထုတ်ခံခဲ့ရသည်။

“ဒါဟာ အိပ်မက်ဆိုးပါ။ ဘောလုံးလောကမှာ ကျွန်တော်ကြုံခဲ့တဲ့ အဆိုးဝါးဆုံးနေ့ရက်တွေထဲက တစ်နေ့ပါပဲ။ လက်ခံဖို့ ခက်ပါတယ်။ ကစားပုံကောင်းတဲ့ လီဗာပူးလ်ကို ချီးကျူးရပါမယ်။  အိမ်ကွင်းမှာ ဒီလိုမျိုး ဘယ်သူမှတော့ မရှုံးချင်ပါဘူး။ ဒါဟာကောင်းတဲ့ အရာမဟုတ်ပါဘူး” ဟု ရူနီက ပြောကြားခဲ့သည်။

မန်ယူအသင်းမှာ ယခုနှစ်ပရီးမီးယားလိဂ်ရာသီတွင် ရှုံးနိမ့်ခဲ့သည့်ပွဲမှာ ၉ ပွဲအထိရှိခဲ့ပြီး ၂၀၀၁-၀၂ နောက်ပိုင်း ပထမဦးဆုံးအကြိမ်ဖြစ်သည်။ ထို့ပြင် ၂၁ အတွင်းအနိမ့်ဆုံးအမှတ်ဖြင့် ရာသီသိမ်းခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ကျန်ရှိနေသည့် ၈ ပွဲစလုံးကို အနိုင်ကစားရန် လိုအပ်နေသည်။


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...