Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

MH370: ပျောက်ဆုံးနေသည့် မလေးလေယာဉ် လမ်းကြောင်းပြောင်း ပျံသန်းခဲ့သည့် ရေဒါမှတ်တမ်း ထိုင်းစစ်တပ် ထုတ်ပြန်

$
0
0

မတ် ၁၈၊ ၂၀၁၄
M-Media
Flight_370_Route_Map_Wide
- မတ်လ ၈ ရက်နေ့ကတည်းက ပျောက်သွားခဲ့သည့် မလေးရှားလေယာဉ်မှာ ဆက်သွယ်မှု ပြတ်တောက်သွားပြီးနောက်ပိုင်း အနောက်ဘက် စူးစူးသို့ ပြန်လှည့်သွားသည်ဟု ယုံကြည်ရသည့် ရေဒါ လမ်းကြောင်းတစ်ခုကို ထိုင်းနိုင်ငံမှ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းသွားပြီး ဗီယက်နမ်နယ်စပ်တွင် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် အဆိုပါလေယာဉ်၏ ပုံမှန်လမ်းကြောင်းအား ထိုင်းစစ်တပ်မှ လက်ခံရရှိခဲ့သည်။ ထို့နောက် ၆ မိနစ်အကြာတွင် ထိုင်းစစ်တပ်ရေဒါ၌ အမည်မသိ အရာတစ်ခု ပျံသန်းနေကြောင်း တွေ့ရှိခဲ့ရသည်ဟု ထိုင်းတော်ဝင်လေတပ်မှ အရာရှိတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

ပျောက်ဆုံးသွားသော  မလေးလေယာဉ်ဖြစ်နိုင်သည့် အဆိုပါ လေယာဉ်မှာ မူလလမ်းကြောင်းနှင့် ဆန့်ကျင်ဘက် အနောက်စူးစူးသို့ ပျံသန်းသွားသည်ဟု ၎င်းကဆိုသည်။ ယခုအချိန်အထိ ရရှိထားသော အထောက်အထားများအရ ထိုလေယာဉ်မှာ ရည်ရွယ်ချက်ရှိရှိ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး မလေး ကျွန်းဆွယ်ကိုဖြတ်ကာ အိန္ဒိယ သမုဒ္ဒရာသို့ ပျံသန်းသွားသည်ဟု မလေးရှားအစိုးရကဆိုသည်။ ထိုင်းစစ်တပ်ရေဒါ၏ ဖမ်းယူနိုင်စွမ်း အကန့်အသတ်ကြောင့် အတိအကျ ဖမ်းယူနိုင်ခြင်း မရှိကြောင်း လေတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုင်းစစ်တပ်ရေဒါမှ ရရှိသည့် အထောက်အထားမှာ လေယာဉ် လမ်းကြောင်းပြောင်းကာ ပျံသန်းသွားသည်ဟု ယူဆရသည့် ဒုတိယမြောက် အထောက်အထားဖြစ်ပြီး၊ မလေးရှားလေတပ်ကလည်း လေယာဉ်မှာ မာလကာကို ဦးတည်၍ Pulau Perak ကျွန်းစု သို့ ဖြတ်ပျံသွားသည့် ရေဒါလ မ်းအထောက်အထား တစ်ခုကိုယခင်က တွေ့ရှိထားသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...