Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဆောက်သက်တမ်နှင့်ပွဲ စပါး၏ စိတ်ဓာတ်ကို တင်ရှားဝုဒ် ချီးကျူး

$
0
0

မတ် ၂၄၊ ၂၀၁၄
M-Media

- ယမန်နေ့က ဆောက်သက်တမ်သင်းနှင့်ပွဲတွင် ပြသခဲ့သည့် စပါးအသင်း၏ စိတ်ဓာတ်အား နည်းပြ တင်ရှားဝုဒ်က ချီးကျူးလိုက်ပြီး၊ စပါးအသင်းမှာ ထိပ်ဆုံး ၄ သင်းစာရင်းဝင်နိုင်သည်ဟု ပြောကြားလိုက်သည်။

382306_heroa

စပါးအသင်းမှာ ယမန်နေ့က ကစားခဲ့သည့် ဆောက်သက်တမ်အသင်းနှင့်ပွဲတွင် ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့သော်လည်း နောက်မှ လိုက်ကစားကာ ၃ ဂိုးပြန်သွင်းနိုင်ခဲ့ပြီး အိမ်ကွင်း၌ အနိုင်သုံးမှတ် ရယူနိုင်ခဲ့သည်။

ထိုအနိုင်က ပရီးမီးယားလိဂ်တွင် ချယ်ဆီး၊ အာဆင်နယ်တို့အား ဆက်တိုက်ရှုံးနိမ့်ထားပြီး၊ ယူရိုပါလိဂ်တွင် ဘင်ဖီကာအသင်းအား ရှုံးနိမ့်ခဲ့ရသည့် စပါးအသင်းအတွက် သက်သာမှုတစ်ခုလည်းဖြစ်ခဲ့သည်။

“ကောင်လေးတွေ(အသင်းသားတွေ)ဟာ တကယ့်ကို စုစုစည်းစည်းနဲ့ ကစားနေကြတာပါ။ ကျွန်တော်တို့ လမ်းကြောင်းမှန်ကို သွားနေပါပြီ။ အသင်းမှာ ပြဿနာအချို့ရှိခဲ့ပြီး အဲဒီကနေ ပြန်လာပြီဆိုတာ ကျွန်တော်သိပါတယ်” ဟု ရှားဝုဒ်က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့ပြင် အသင်းရှိ တိုက်စစ်မှူး ဂါရက်ဘေးလ်အား ရီးယဲလ်သို့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ခဲ့ရပြီးနောက် အသင်းမှာ ပြန်လည် အခြေကျရန် ကြိုးစားခဲ့ရကြောင်း ရှားဝုဒ်က ထပ်လောင်းပြောကြားခဲ့သည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...