မတ်လ ၂၆၊ ၂၀၁၄
M-Media
လမင်း
![Photo - Wiki]()
Photo – internet
ရန်ကုန် ။ ။ ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခကောက်ခံမှုကို ၂၀၁၃-ခုနှစ် ဧပြီလကစ၍ ရုတ်သိမ်းခဲ့ပြီးနောက် ယခု ၂၀၁၄-ခု ဧပြီလအတွင်း ပြန်လည် ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ (လမ်းနှင့်တံတား) မှ အကြီးတန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍရေးနှစ်တွင် ငွေကြေး တစ်စုံတစ်ရာ မကောက်ခံဘဲ ပြည်သူများ အဆင်ပြေ ချောမွေ့အောင်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ယခု ယာဉ်ရပ်နားခ ပြန်လည်ကောက် ခံရခြင်းမှာ အချိန်ကြာမြင့်စွာ ယာဉ်ရပ်နားထာခြင်း၊ ယာဉ်နှစ်ထပ် ရပ်နားခြင်းတို့အတွက် လမ်းကြော ပိတ်ဆို့မှုများ ဖြစ်ခြင်းတို့ကြောင့် ပြန်လည်ကောက်ခံခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ယာဉ်ရပ်နားခပြန်လည်ကောက် ခံမည့်နေရာများမှာ ဗိုလ်အောင်ကျော်လမ်းနှင့် လမ်းမတော် လမ်းကြား၊ ဗိုလ်ချုပ်လမ်းနှင့်ကမ်းနားလမ်းကြား တို့ရှိ အမည်တပ်လမ်းများတွင်သာ ကောက်ခံသွားမည်ပြီး ယာဉ်ရပ်နားခကို တစ်နာရီလျှင် ၂၀၀ ကျပ်နှုန်းဖြင့်ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
Related Posts
- အမျိုးသမီးတွေ မပါရင် ငြိမ်းချမ်းရေး လုပ်တာ မပြည့်စုံဘူးလို့ လွှတ်တော်အမတ် (Mar 8, 2014)
- လယ်မြေစိုက်ပျိုးခွင့် အသိအမှတ်ပြုပြီး ဆက်လက်လုပ်ကိုင်ခွင့်ပေးရန် သမ္မတကြီးထံသို့ အသနားခံစာတင် (Mar 7, 2014)
- မြန်မာ့ဂုဏ်ရောင်အိမ်ယာတွင် သပိတ်ခစန်းဖွင့်ဆန္ဒပြနေသူများ တိုင်းဒေသကြီးလွှတ်တော်ရှေ့တွင် ဆန္ဒပြသခွင့် ပယ်ချခံရ (Mar 7, 2014)
- ၂၀၁၄ အာဆီယံပြည်သူ့ ဖိုရမ်ကျင်းပရန် အဆင်သင့်ဖြစ်ပြီဟု ဖြစ်မြောက်ရေး ကော်မတီပြော (Mar 6, 2014)
- CNG ဂတ်စ်အိုးလျောက်ထားမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုမရှိပါဘူး ဟု မ.ထ.သ (ဗဟို)ဥက္ကဌပြော (Mar 5, 2014)
- မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်ပွဲ ရွေ့ဆိုင်း (Mar 4, 2014)
- လေးကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သတင်း ညီလာခံကို မြန်မာနိုင်ငံတွင် ကျင်းပမည် (Mar 1, 2014)
- CNG ဂတ်စ်အိုးလျောက်ထားမှုကို ဆက်လက် ဆိုင်းငံ့ထားပါက ယာဉ်ပိုင်ရှင်များမှ ဆန္ဒဖော်ထုတ်သွားမည်ဟုပြော (Mar 1, 2014)
- အားကစားကွင်းပြန် မရပါက လမ်းလျောက် ဆန္ဒဖော်ထုတ် သွားမည်ဟုဆို (Feb 27, 2014)
- မြန်မာနိုင်ငံသည် အာရှတွင် အရေးပါသောဈေးကွက်များထဲမှ တစ်ခုဖြစ်လာ (Feb 27, 2014)