Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ရုရှားမှာ အိမ်နီးချင်းနိုင်ငံများအား ဗိုလ်ကျသည်ဟု အိုဘာမားမှတ်ချက်ပေး

$
0
0

မတ် ၂၆၊ ၂၀၁၄
M-Media

- ယူကရိန်း၏ ခရိုင်းမီးယားဒေသအား ရုရှားမှ သိမ်းပိုက်ခြင်းမှာ ပြီးဆုံးသွားသည့် အပေးအယူတစ်ခု မဟုတ်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားခဲ့ပြီး ရုရှားနိုင်ငံအနေဖြင့် အားနည်းသော အိမ်နီးချင်းနိုင်ငံများအား ခြိမ်းခြောက်နေသည့် ဗိုလ်ကျသောနိုင်ငံအဖြစ် မှတ်ချက်ပေးခဲ့သည်ဟု သိရသည်။

obama2

နယ်သာလန်နိုင်ငံ ဟော့ဂ်မြို့တွင်ပြုလုပ်ခဲ့သည့် နျူးကလီးယားလုံခြုံရေး အစည်းအဝေးအပြီး ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်ပြီး စစ်ရေးအရ၀င်ရောက်ရမည်ဟု ရုရှားကထင်နေခြင်းနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းက ရုရှားအနေဖြင့် အိမ်နီးချင်းနိုင်ငံများအား သြဇာလွှမ်းမိုးမှုမရှိကြောင်း ဖော်ပြသကဲ့သို့ဖြစ်နေသည်ဟု သူကဆိုသည်။

“ကျွန်တော်တို့ (အမေရိကန်) အနေနဲ့ အိမ်နီးချင်းတွေပေါ်မှာ ကြီးမားတဲ့ လွှမ်းမိုးမှုရှိပါတယ်။ သူတို့နဲ့ ခိုင်မာပြီး ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ဆက်ဆံရေးရဖို့ ကျွန်တော်တို့ ကျူးကျော်စရာမလိုပါဘူး” ဟု အိုဘာမားက ဆိုသည်။

ထို့ပြင် ခရိုင်းမီးယားနှင့် ယူကရိန်းရှိ ရုရှားစကားပြောသူများမှာ ခြိမ်းခြောက်ခံနေရပြီး၊ ခရိုင်းမီးယားသိမ်းပိုက်မှုကို ကိုဆိုဗိုနှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည့် ရုရှာသမ္မတပူတင်၏ မှတ်ချက်ကိုလည်း ငြင်းပယ်ခဲ့ကာ၊ ထိုနှိုင်းယှဉ်မှုမှာ အဓိပ္ပါယ်မရှိကြောင်း၊ သို့သော်လည်း ခရိုင်းမီးယားဒေသအား ယူကရိန်းလက်သို့ပြန်ရောက်ရေးအတွက် စစ်အင်အားကို အသုံးပြုမည်မဟုတ်ကြောင်း အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

ခရိုင်းမီးယားအား ရုရှားမှ ၀င်ရောက်ကျူးကျော်မှုကို ဆန့်ကျင်သောအားဖြင့် အမေရိကန်နှင့် အခြားသောအင်အားကြီးနိုင်ငံများက ရုရှားအစိုးရထိပ်ပိုင်းအရာရှိများကို ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုပစ္စည်းများ ကန့်သတ်ခြင်း စသည့် ပိတ်ဆို့မှုများကိုပြုလုပ်ထားသည်။ ထို့ပြင် စက်မှုထိပ်သီးနိုင်ငံများအဖွဲ့ဖြစ်သည့် G8 အဖွဲ့မှ ရုရှားကိုထုတ်ပယ်လိုက်ပြီး၊ အရေးယူမှုများကို ထပ်မံ၍ ပြုလုပ်သွားမည်ဟု ကြေညာထားသည်။

Agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...