Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

ဘင်္ဂလားဒေ့ရှ်၏ လူသိန်းချီ နိုင်ငံတော် သီချင်းသီဆိုမှု ဂင်းနစ် မှတ်တမ်းဝင်

$
0
0

မတ် ၂၇၊ ၂၀၁၄
M-Media

- ယမန်နေ့က ပြုလုပ်ခဲ့သည့် လွတ်လပ်ရေးနေ့အခမ်းအနားတွင် နိုင်ငံတော်သီချင်းအား ဘင်္ဂလားဒေ့ရှ်ပြည်သူ သိန်းချီက သံပြိုင်သီဆိုခဲ့ကြပြီးနောက် ထိုသီဆိုမှုမှာ ဂင်းနစ်မှတ်တမ်း ၀င်သွားခဲ့ပြီဟု သိရသည်။

1395827511-bangladesh-national-anthem-record-for-the-guinness-world-record-book_4300281

ဘင်္ဂလားဒေ့ရှ် စစ်တပ်၊ ကျောင်းသားများနှင့် ပြည်သူလူထု စုစုပေါင်း ၂၅၄၆၈၁ ဦးက ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် နိုင်ငံတော် သီချင်းအား သံပြိုင်သီဆိုခဲ့ကြခြင်းဖြစ်ပြီး၊

ဝန်ကြီးချုပ် ရှိခ်ဟာစီနာနှင့် ကတ်ဘိနတ်ဝန်ကြီးများလည်း ပါဝင်ခဲ့သည်။ ယခုကဲ့သို့ပြုလုပ်ရသည့် အဓိက ရည်ရွယ်ချက်မှာ လွတ်လပ်ရေးနေ့အား ဂုဏ်ပြုခြင်းသာမက ပြည်သူများ၏ စွမ်းအားနှင့် စုစည်းညီညွတ်မှုကို ပြသခြင်း လည်းဖြစ်သည်ဟု ပွဲစဉ်သူများက ဆိုသည်။

၂၀၁၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံက ၎င်းတို့၏ နိုင်ငံတော်သီချင်းကို လူပေါင်း ၁ သိန်းကျော်ဖြင့် သံပြိုင်သီဆိုကာ စံချိန်တင်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယခုကဲ့သို့  စံချိန်သစ်ထပ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂဘားဒေ့ရှ်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စစ်တပ်၊ အစိုးရနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ ပူးပေါင်းကာ ပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားအား ဂင်းနစ်မှတ်တမ်းတွင်  စာရင်းဝင်ရန် သက်ဆိုင်သော စာရွက်စာတမ်းများ ဓာတ်ပုံများအား ဂင်းနစ်မှတ်တမ်းအဖွဲ့သို့ ပေးပို့ခဲ့ပြီး၊ ထိုအခမ်းအနားသို့ ဂင်းနစ်မှတ်တမ်း အဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးလည်း တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ဘင်္ဂလားဒေ့ရှ်ရှိ ပြည်သူများက ကမ္ဘာ့အကြီးဆုံး နိုင်ငံတော်အလံကို ဖန်တီးခဲ့ပြီး ထိုဆောင်ရွက်ချက်မှာလည်း ဂင်းနစ်မှတ်တမ်းဝင်ခဲ့သည်။

ဆင်ဟွာ


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...