Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဂျော်ဒန် တရားသူကြီး တစ်ဦးအား အစ္စရေးက ပစ်သတ်မှု အစ္စရေးသံရုံး ပိတ်ပစ်ရန် ဂျော်ဒန်ပြည်သူများ ဆန္ဒပြ

$
0
0

မတ် ၂၉ ၊ ၂၀၁၄
M-Media

- ဂျော်ဒန်တရားသူကြီးတစ်ဦးအား အစ္စရေးစစ်တပ်မှ ယခုလအစောပိုင်းတွင် ပစ်သတ်ခဲ့ပြီး၊ ထိုကျူးလွန်မှုအား တုံ့ပြန်သည့်အနေဖြင့် အမ်နန်ရှိ အစ္စရေးသံရုံးအား ပိတ်ပစ်ရန် ဂျော်ဒန်ပြည်သူများက ယမန်နေ့တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

000_Nic6306089-635x339

ယမန်နေ့ သောကြာဝတ်ပြုမှုအပြီးတွင် ထောင်ပေါင်းများစွာသော ဂျော်ဒန်ပြည်သူများမှာ မြို့တော် အမ်နန်တွင် ဆန္ဒပြခဲ့ကြပြီး အစ္စရေးသံအမတ်အား တိုင်းပြည်မှ မောင်းထုတ်ရန် တောင်းဆိုခဲ့ကြသည်။ ထို့ပြင် ၁၉၉၄ ခုနှစ်က အစ္စရေးနှင့်ချုပ်ဆိုထားသော ငြိမ်းချမ်ရေး သဘောတူညီချက်ကိုလည်း ဖျက်သိမ်းပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် မတ်လ ၁၀ ရက်နေ့က အသက် ၃၈ နှစ်အရွယ်ရှိ ဂျော်ဒန်တရားသူကြီး ရာအစ် ဇေတာကို အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့သည်။ ထိုသတ်ဖြတ်မှုမှာ ဆိုးရွားသောရာဇ၀တ်မှုတစ်ခုဖြစ်ပြီး အစ္စရေးအစိုးရတွင် လုံးဝတာဝန် ရှိသည်ဟု ဂျော်ဒန် ၀န်ကြီးချုပ် အက်ဘ်ဒူလာ အန်ဆောရ်က ပြောကြားခဲ့သည်။

“အစ္စရေးဘက်က တရားဝင်တောင်းပန်ဖို့ ဂျော်ဒန်က ဖိအားပေးထားပါတယ်။ ဒီပစ်ခတ်မှုအတွက် အသေးစိတ်စုံစမ်းမှုတွေမှာလည်း ဂျော်ဒန်က တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်” ဟု အန်ဆောရ်က ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တစ်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါတရားသူကြီးမှာ အစ္စရေးစစ်သား၏ လက်နက်ကို လုခြင်းကြောင့် ပစ်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးအာဏာပိုင်များက ကာကွယ်ပြောကြားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကမူ ထိုသေဆုံးမှုအပေါ် စိတ်မကောင်းဖြစ်မိသည်ဟု နောက်ပိုင်းတွင်ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်က တရားသူကြီးအား အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ရာမာလာရှိ ပါလက်စတိုင်းအာဏာပိုင်များက ပြောကြားခဲ့ပြီး၊ ထိုသတ်ဖြတ်မှုကိုလည်း ရှုတ်ချခဲ့သည်။
DB/HSN/HRB


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...