Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အငြင်းပွားနေသည့် ကျွန်းဆီသို့ ဖိလစ်ပိုင် သင်္ဘောစေလွှတ်မှု တရုတ်သတိပေး

$
0
0

မတ် ၃၀၊ ၂၀၁၄
M-Media

- တောင်ရုတ်ပင်လယ်တွင် တရုတ်နှင့် အာဆီယံနိုင်ငံများ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နန်ရှာကျွန်းရှိ Ren’ai သန္တာကျောက်တန်းအား ဖိလစ်ပိုင်မှ သိမ်းပိုက်ရန် ကြိုစားမှုကို မည်သည့်အခါမှ လက်မခံဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် ပြောကြားလိုက်သည်။
china-vs-ph-west-phillipine-sea-carousel-rappler-20143003
ဖိလစ်ပိုင်နိုင်ငံမှ ဂျာနယ်လစ်များပါဝင်သည့် ထောက်ပံ့ရေးသင်္ဘောတစ်စင်းအား အဆိုပါ သန္တာကျောက်တန်းသို့ ယမန်နေ့က ပို့လွှတ်ခဲ့ပြီးနောက် ထိုလုပ်ရပ်အား တုံ့ပြန်သောအားဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟွန်လီက ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

Ren’ai  သန္တာကျောက်တန်းကို တရားမ၀င်သိမ်းပိုက်ရန် ဖိလစ်ပိုင်၏ ကြိုးစားမှုမှာ တောင်တရုတ်ပင်လယ်ရှိ နယ်မြေပိုင်ဆိုင်ရေး အငြင်းပွားမှုကို ဆွပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဟွန်လီက ပြောကြားခဲ့သည်။ သို့သော်လည်း Ren’ai သန္တာကျောက်တန်းအပါအ၀င် နန်ရှာကျွန်းအပေါ် တရုတ်နိုင်ငံက သက်ရောက်သည့် အချုပ်ခြာအာဏာကို ပြောင်းလဲနိုင်မည်မဟုတ်ဘဲ၊ အချုပ်ခြာအာဏာအား တရုတ်နိုင်ငံက ထိန်းသိမ်းစောင့်ရှောက်မှုကိုလည်း ခြိမ်းခြောက်နိုင်မည်မဟုတ်ဟု ဟွန်လီက ထည့်သွင်းပြော ကြားခဲ့သည်။

ထို့ပြင် ၂၀၀၂ ခုနှစ်က အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ ချုပ်ဆိုခဲ့သော တောင်တရုတ်ပင်လယ် စီမံခန့်ခွဲမှု ကြေညာချက် DOC ကို ဖိလစ်ပိုင်မှ ချိုးဖောက်ခြင်းကိုလည်း တရုတ်နိုင်ငံက ခွင့်ပြုသွားမည်ဟုတ်ဟု ဆိုသည်။

တရုတ်နိုင်ငံမှ နန်ရှာကျွန်းဟုခေါ်သည့် စပရက်တလီကျွန်းမှာ တောင်တရုတ်ပင်လယ်အတွင်း တည်ရှိပြီး တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဘရူးနိုင်းတို့က ပိုင်ဆိုင်ကြောင်း အငြင်းပွားနေသော ကျွန်းလည်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံမှာ ၁၉၉၉ ခုနှစ်တွင် ထိုကျွန်းတို့ စစ်တပ်များစေလွှတ်ခဲ့ပြီး၊ စစ်အင်အားတိုးချဲ့ရေးအတွက် အဆောက်အဦများ ဆောက်လုပ်ရန်လည်း ပစ္စည်းကိရိယာများ ပေးပို့ခဲ့ဖူးသည်။

ဆင်ဟွာ


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...