Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

လီဗာပူးလ် ၄ ဂိုးပြတ်နိုင်ပြီး ထိပ်ဆုံးရောက်၊ အဲဗာတန် ၅ ပွဲဆက်နိုင်တဲ့ EPL ပွဲစဉ် ၃၂ ဆူပါဆန်းဒေး

$
0
0

မတ် ၃၁၊ ၂၀၁၄
M-Media

လီဗာပူးလ် ၄ ဂိုးပြတ်နိုင် ထိပ်ဆုံးရောက်၊ ၅ ပွဲဆက်နိုင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မှန်းလာတဲ့ အဲဗာတန်တို့ရဲ့ EPL ပွဲစဉ် ၃၂ ဆူပါဆန်းဒေးပွဲများ

31-3-2014
- မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ ရဲ့ လက်ကျန် ၂ ပွဲမှာတော့ ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ လီဗာပူးလ်တို့ အိမ်ကွင်းမှာ စပါးကို ဂိုးပြတ် အနိုင်ရခဲ့ပြီး စတုတ္ထနေရာအတွက် အာဆင်နယ်ကိုခြိးမ်ခြောက်နေတဲ့ အဲဗာတန်တို့လည်း အနိုင်ရခဲ့ပါတယ်။

ချန်ပီယံဆုအတွင် အမှားခံလို့မရတဲ့ လီဗာပူးလ်တို့ အခုပွဲမှာ ဂျရတ်၊ စတာလင်၊ ဆွာရက်ဇ်၊ စတားရစ်ခ်ျတို့နဲ့ လူစုံထုတ်ခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်မှာပဲ ကဘူလ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိမှုကြောင့် ဦးဆောင်ဂိုး စရခဲ့တဲ့အတွက် လီဗာပူးလ်တို့ စိတ်ဓာတ်အသာရခဲ့ပြီး နောက်ပိုင်းမှာလည်း စပါးအသင်းကို တောက်လျှောက် ဖိကစားနိုင်ခဲ့ပါတယ်။ စပါးအသင်းကတော့ လီဗာပူးလ်ခံစစ်ကို မကျော်နိုင်ခဲ့ဘဲ ဂိုးပေါက်ခြိမ်းခြောက်ခွင့်အနည်းငယ်သာရခဲ့ပါတယ်။ ဒုတိယဂိုးကို စပါးနောက်ခံလူ ဒေါ်ဆန်ရဲ့အမှားကနေတစ်ဆင့် ၂၅ မိနစ်မှာ ဆွာရက်စ်က သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း လီဗာပူးလ်တို့ကသာ ပွဲကိုစိုးမိုးခဲ့ပြီး ၅၅ မိနစ်မှာ ကော်တင်ဟိုက အဝေးကန်ချက်နဲ့ တစ်ဂိုး၊၊ ၇၅ မိနစ်မှာ ဟန်ဒါဆန်က ဖရီးကစ်ကနေ တစ်ဂိုး သွင်းပေးခဲ့ပြီး ၄ ဂိုး ဂိုးမရှိနဲ့ ပွဲသိမ်းနိုင်ခဲ့ပါတယ်။ လီဗာပူလ်းရဲ့ ဒီအနိုင်ဟာ ပရီးမီးယားလိဂ် ၈ ပွဲဆက်အနိုင်ဖြစ်ပြီး ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် အဆင့်လေး နေရာအတွင် အာဆင်နယ်ကို ခြိမ်းခြောက်နေတဲ့ အဲဗာတန်အသင်းကလည်း ဇယားအောက်ခြေက ဖူလ်ဟမ်အသင်းကို သက်တောင့်သက်သာနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ နောက်ဆုံး လေးပွဲဆက် အနိုင်ကစားထားတဲ့ အဲဗာတန် ဒီပွဲမှာလည်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးသွင့်ခွင့်ကတော့ ဖူလ်ဟမ်က ပိုသာခဲ့ပြီး တိုက်စစ်မှူးတွေ အသုံးမချနိုင်လို့သာ အိမ်ကွင်းမှာ ရှုံးခဲ့ရတာပါ။ အဲဗာတန်အသင်းရဲ့ ဂိုးတွေကိုတော့ ဒုတိပိုင်းကျမှ ရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ အပြီးမှာတော့ လီဗာပူးလ်အသင်းက ၇၁ မှတ်နဲ့ ထိပ်ဆုံးမှာရှိနေပြီး ချယ်ဆီးက ၆၉ မှတ်နဲ့ ဒုတိယနေရာမှာရှိနေပါတယ်။ တတိယနေရာမှာတော့ မန်စီးတီးက ၂ ပွဲလျော့ ၆၇ မှတ်နဲ့ရှိနေပြီး အာဆင်နယ်က ၆၄ မှတ်နဲ့ အဆင့်လေးနေရာမှာပါ။ တစ်ပွဲလျော့နေတဲ့ အဲဗာတန်တို့ အဲဒီပွဲကို အနိုင်ကစားနိုင်ရင် အာဆင်နယ်နဲ့ ၁ မှတ်သာ ကွာတော့မှာပါ။

အက်စတွန်ဗီလာကိုဂိုးပြတ်နိုင်ခဲ့တဲ့ မန်ယူအသင်းက အဆင့် ၇ နေရာမှာပဲ ဆက်ရှိနေပြီး တန်းဆင်းဇုန်မှာတော့ ကာဒစ်ဖ်၊ ဆန်းဒါးလန်းနဲ့ ဖူလ်ဟမ်တို့ အသီးသီးရှိနေကြပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဖူလ်ဟမ် ၁-၃ အဲဗာတန်
လီဗာပူးလ် ၄-၀ စပါး
မန်ယူ ၄-၁ အက်စတွန်ဗီလာ
ခရစ္စတယ်ပဲလေ့စ် ၁-၀ ချယ်ဆီး
ဆောက်သက်တမ် ၄-၀ နယူးကာဆယ်
စတုတ်စီးတီး ၁-၀ ဟားလ်စီးတီး
ဆွမ်ဆီး ၃-၀ နော်ဝစ်ခ်ျ
ဝက်စ်ဘရွန်း ၃-၃ ကာဒစ်ဖ်
အာဆင်နယ် ၁-၁ မန်စီးတီး


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...