Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ခရိုင်းမီးယား၏ ယူကရိန်း စံတော်ချိန်အား ရုရှား စံတော်ချိန်ဖြင့် အစားထိုး

$
0
0

မတ် ၃၁၊ ၂၀၁၄
M-Media

- ယူကရိန်းမှ ခွဲထွက်ကာ ရုရှား ပိုင်နက်အတွင်းသို့ ၀င်ရောက်သွားခဲ့သည့် ခရိုင်းမီးယားဒေသမှာ ၎င်းတို့၏ စံတော်ချိန်ကို ရုရှားစံတော်ချိန်အဖြစ် ယမန်နေ့က ပြောင်းလဲခဲ့သည်ဟု သိရသည်။

Bj7hC1xCMAA7xw4.jpg medium

ဆင်ဖီရိုပိုလ်မြို့ ရထားဘူတာရှိ နာရီအား ယမန်နေ့ည ၁၀ နာရီတွင် ရုရှားစံတော်ချိန် ၁၂ နာရီသို့ ပြောင်း လဲခဲ့ပြီး၊ ရာပေါင်းများစွာသော ခရိုင်းမီးယားပြည်သူများကလည်း ထိုအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။

ခရိုင်းမီးယားဒေသ၏ ၀န်ကြီးချုပ်သစ် ဆာဂျီ အက်စ်ယိုနော့ဗ်က ပရိတ်သတ်များအား ချီးကျူးခဲ့ပြီး၊ ၎င်းတို့မှာ ခရိုင်းမီးယားဒေသနှင့် ခရိုင်းမီးယားပြည်သူတို့ အကျိုးအတွက် လုပ်ဆောင်ပေးခဲ့ပြီဟု ပြောကြားခဲ့သည်။

ရုရှားပိုင်နက်အတွင်းသို့ ၀င်ရောက်ရေးအတွင် မတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်သူ့ဆန္ဒခံယူပွဲတွင် ခရိုင်းမီးယားပြည်သူ ၉၇ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြပြီး၊ မတ်လ ၁၈ ရက်နေ့တွင် ရုရှားသမ္မတပူတင်နှင့် ခရိုင်းမီးယားခေါင်းဆောင်တို့က သတောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် ရုရှားရူဘဲလ်အား ခရိုင်းမီးယားငွေကြေးအဖြစ် သတ်မှတ်ခဲ့ပြီး၊ ပင်စင်နှင့် အစိုးရ၀န်ထမ်းများအတွက် လစာများကိုလည်း ရုရှားမှ စတင်ပေးချေနေပြီဖြစ်သည်။

သို့သော်လည်း အမေရိကန်နှင့် အနောက်နိုင်ငံများကမူ ခရိုင်းမီးယားဒေသ ရုရှားနိုင်ငံပိုင်နက်သို့ ၀င်ရောက်သွားခြင်းမှာ နိုင်ငံတကာဥပဒေများနှင့် မညီဟုပြောကြားခဲ့ပြီး ရုရှားနိုင်ငံအား သံတမန်ရေးအရ ပိတ်ဆို့မှုများပြုလုပ်သွားရန် ကြိုးစားနေသည်။

CNTV.cn


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...