Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

MH370 မှ နောက်ဆုံးဆက်သွယ်မှု မလေးအစိုးရ ထပ်မံထုတ်ပြန်မှု ယခင်ကွဲလွဲ ၊ ဝေဖန်မှုများမြင့်တက်လာနိုင်

$
0
0

ဧပြီ ၁၊ ၂၀၁၄
M-Media

- မတ်လ ၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေယာဉ်နှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေချိန်တွင် လေယာဉ်မှ နောက်ဆုံးပြောသွားခဲ့သည့် စကားအား မလေးရှားအစိုးရမှ ပြန်လည်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
_73934682_73934463
အဆိုပါလေယာဉ်နှင် မလေးရှား လေကြောင်းထိန်းသိမ်းရေးဌာနတို့ နောက်ဆုံးအဆက်အသွယ်ရချိန်မှာ မလေးရှားစံတော်ချိန် နံနက် ၁ နာရီ ၉ မိနစ်ဖြစ်ပြီး၊ ပိုင်လော့ထိုင်ခုံမှ နောက်ဆုံးပြောကြားခဲ့သည့် စကားမှာ “ကောင်းသောညပါ မလေးရှား သုံး ခုနစ် သုည” ဖြစ်သည်ဟု အရပ်ဘက်လေကြောင်းဌာနက ယနေ့တွင် ပြောကြားခဲ့သည်။ သို့သော်လည်း ထိုစကားအား လေယာဉ်မှူး သို့မဟုတ် တွဲဖက်လေယာဉ်မှူး မည်သူပြောခဲ့သည်ဆိုသည်ကို မှူခင်းဆိုင်ရာနည်းပညာဖြင့် ဆုံးဖြတ်မည်ဟု မလေးရှားပို့ဆောင်ရေး ၀န်ကြီးဌာနကဆိုသည်။

ပိုက်လော့ထိုင်ခုံမှပြောခဲ့သည် နောက်ဆုံးစကားမှာ “ကောင်းပါပြီ။ ကောင်းသောညပါ” ဟု စောစောပိုင်းက မလေးအစိုးရကာ ပြောကြားထားသည်။ အဆိုပါလေယာဉ်ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်၍ မေးလရှား၏ ဆောင်ရွက်မှုများအတွက် ဝေဖန်မှုများခံရှိနေချိန်တွင် ယခုကဲ့သို့ မတူညီသည့် စကားတစ်ခု ထွက်လာမှုကြောင်း၊ မလေးရှားအစိုးရအနေဖြင့် ပိုမိုဆိုးဝါးသည့် တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

ခရီးသည်နှင့် လေယာဉ်အမှူးထမ်း စုစုပေါင်း ၂၃၉ ဦးကို တင်ဆောင်သွားခဲ့သည့် အဆိုပါလေယာဉ်မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးနောက်ပိုင်း နောက်ဖက်သို့ ပြန်ကွေ့သွားသည်ဟု ရေဒါလမ်းကြောင်းအရ သိရပြီး၊ ဂြိုဟ်ထုအထောက်အထားများအရ လေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ပျက်ကျခဲ့သည်ဟု မလေးရှား ၀န်ကြီးချုပ်က ကြေညာခဲ့သည်။

ထိုသို့ကြေညာပြီးနောက်ပိုင်းတွင် လေယာပေါ်လိုက်ပါသွားကြသည့် တရုတ်နိုင်ငံသားများ၏ ကျန်ရစ်သူ မိသားစု ဆွေမျိုးများက ဘေဂျင်းရှိ မလေးရှားသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပြီး၊ လေယာဉ်ကိုပိုင်ဆိုင်သည့် MAS လေကြောင်းလိုင်းကိုပါ တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ မလေးရှားအစိုးရကမူ အိန္ဒိယသမုဒ္ဒရာအတွင်း လေယာဉ်ရှာဖွေရေးလုပ်ငန်းများကို ယခုအချိန်အထိ လုပ်ဆောင်နေသည်။

(ဓါတ်ပုံ အညွှန်း- လေယာဉ်ပေါ်ပါသွားသော မိသားစုအတွက် ဆုတောင်းနေသူ တဦး)
Ref BBC


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...