Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

သန်းခေါင်စာရင်း တွင် ခဲတံ၊ ခဲဖျက် အသုံးပြုမှု ဂယက် သံသယများနှင့် UNFPA ဖြေကြားချက်

$
0
0

ဧပြီ ၂၊ ၂၀၁၄
M-Media

5337c49c0c77e
၂၀၁၄-ခု သန်းခေါင်စာရင်း ကောက်ယူနေချိန်မှာ သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး နေရာအတော်များများမှာ လွဲချော်မှုတွေ ရှိနေတယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ သန်းခေါင်စာရင်း မကောက်ယူမီက သန်းခေါင်စာရင်းကောက်ယူတဲ့ အခါမှာ 2B ခဲတံများဖြင့်သာ ရေးခြစ်ဖြည့် သွင်းမယ်ဆိုတဲ့အကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကိုယ်တိုင် အကြိမ်တော်တော် များများ ပြောခဲ့တာ ရှိခဲ့ပါတယ်။

သို့သော်လည်း သန်းခေါင်စာရင်း တကယ်ကောက်ယူတဲ့ အခါမှာတော့ 2B ခဲတံနှင့် ရေးခြစ်ဖြည့်စွက်တာမျိုး မဟုတ်ဘဲ သာမန်ခဲတံများဖြင့် ရေးခြစ်ခြင်း၊ ခဲဖျက်ဖြင့် ဖျက်ခြင်းများ ပြုလုပ်နေတဲ့ အတွက်  သန်းခေါင်စာရင်း ဖြေဆိုသူများ အနေနဲ့ ဖြေဆိုသည့်အတိုင်း မဟုတ်ဘဲ ပြန်လည်ပြင်ဆင်ဖြည့်စွက် မည်လောဟု သံသယ၀င်နေကြပါတယ်။ အချို့နေရာ ဒေသများတွင်တော့ သန်းခေါင်စာရင်းကောက်ယူမှု စာရွက်များသည် UNFPA မှ ကူညီသည့် စာရွက်များ မဟုတ်ဘဲ ပုံစံတူ သာမန်စာရွက်များသာ ဖြစ်သည်ဟု ပြောဆိုမှုများလည်း ရှိနေပါတယ်။

ဒါကြောင့် ခဲတံဖြင့် ဖြည့်စွက်မှုပတ်သက်ပြီး UNFPA ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

မေး – သန်းခေါင်စာရင်းကောက်ယူမှုနဲ့ပတ်သက်ပြီး နေရာအတော်များများမှာ ခဲတံနဲ့ဖြည့်စွက်မှုမှာ ခဲဖျက်နဲ့ဖျက်ပြီး ပြင်လို့ရတယ် ဆိုတာမျိုးတွေ သတင်းထွက်ပေါ်နေတဲ့ အတွက် ဖြေဆိုသူ တချို့အနေနဲ့ ဖြေဆိုမှု အပေါ် ပြောင်းပြီးရေး လိုက်မလားဆိုတဲ့ အတွေးမျိုးရှိနေကြတဲ့ အပေါ် UNFPA အနေနဲ့ ရှင်းပြပေးလို့ ရမလား မသိဘူး။

UNFPA – ကျွန်မတို့ UNFPA အနေနဲ့ကတော့ Enumerator ဆိုတာ အစိုးရ အနေနဲ့ ခန့်အပ်ထားတဲ့ ၀န်ထမ်းတွေပါ။ နောက်ပြီးတော့ အစိုးရအနေနဲ့ ဒါကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပြီး လုပ်မယ်ဆိုတဲ့ အပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် trust ပေါ့နော်။ ပြင်မယ်လို့တော့ မထင်ပါဘူး။ အဲ့ဒါကြောင့် ဒီ system ကို supervisor အထပ်ထပ်နဲ့ packing သေချာ လုပ်ပြီးတော့ ပို့ရမယ်ဆိုတာကို ကျွန်မတို့ process လုပ်ကတည်းက သေချာ စီစဉ်ထားတာပါ။ အဲ့ဒီတော့ ကျွန်မအနေနဲ့ ဒီလောက်ပဲပြောနိုင်ပါတယ်။ ပြင်မယ် မပြင်ဘူးဆိုတာကတော့ individual verification တွေရှိတော့ ဘယ်သူ့ကိုမှလည်း အာမ မခံနိုင်ဘူး။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် trust လုပ်ပြီးတော့ အခြေအနေပါ။ ကျွန်မတို့လည်း တတ်နိုင်သလောက် ပါဝင်ပြီးတော့ လုပ်ထားပြီးတဲ့ အခြေအနေ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

Photo by AFP


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...