Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မြောက်ကိုရီးယား ဒရုန်းများနှင့် ပတ်သက်၍ တောင်ကိုရီးယား စစ်ဘက် တံခါးပိတ် အစည်းအဝေးလုပ်

$
0
0

ဧပြီ ၇ ၊ ၂၀၁၄
M-Media

- မိမိတို့၏ လေပိုင်နက်အတွင်းသို့ မြောက်ကိုရီးယားမှ ဒရုန်းလေယာဉ်များ စေလွှတ်ခြင်းအား မည်ကဲ့သို့ ဟန့်တားရမည်ကို တောင်ကိုရီးယား ထိပ်တန်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက တံခါးပိတ် အစည်းအဝေး တစ်ခုကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်ဟု သိရသည်။

North Korea

ယခုနှစ်အတွင်း စစ်တပ်မှ ပထမဆုံး ကျင်းပပြုလုပ်သော အစည်းအဝေးဖြစ်ပြီး တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်မ်ကွမ်ဂျင်၊ ကြည်း၊ ရေ၊ လေ တပ်များမှ အကြီးအကဲများနှင့် တောင်ကိုရီးယား စစ်ဘက်ထိပ်တန်းပုဂ္ဂိုလ်များ ပါဝင်ခဲ့သည်။

အဆိုပါ တံခါးပိတ်အစည်းအဝေးတွင် ကာကွယ်ရေးကြီးက မြောက်ကိုရီးယား၏ ထိုလုပ်ရပ်မှာ တောင်ကိုရီးယားဘက်သို့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး တန်ပြန်တုံ့ပြန်မှုများကို ပြုလုပ်သွားရန်ပြောကြားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွတ်က အစည်းအဝေးအကျဉ်းချုပ်နှင့် ပတ်သက်၍ မီဒီယာများအား ပြောကြားခဲ့သည်။

ထောက်လှမ်းရေးလုပ်ငန်းစဉ်များတွင် တောင်ကိုရီးယားအား လိုက်မီရန်အတွက် ဒရုန်းလေယာဉ်များကို မြောက်ကိုရီးယားက ထုတ်လုပ်ခဲ့သော်လည်း၊ ထိုဒရုန်းလေယာဉ်များအား အကြမ်းဖက်တိုက်ခိုက်မှုများအတွက် တိုးမြှင့်အသုံးပြုနိုင်သည်ဟု တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ အနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် လွန်ခဲ့သည့် သီတင်းနှစ်ပတ်အတွင်း ဒရုန်းလေယာဉ် ၃ စင်းကို တွေ့ခဲ့ရပြီး မြောက်ကိုရီးယားဘက်မှ စေလွှတ်သည်ဟု ယုံကြည်ရကြောင်း တောင်ကိုရီးယားက ပြောဆိုထားသည်။
Ref: ဆင်ဟွာ


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...