Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ယူကရိန်းအရှေ့ပိုင်းမြို့ တစ်မြို့တွင် ရုရှားထောက်ခံသူများက ရဲတပ်ဖွဲ့၏ လက်နက်တိုက်ကို သိမ်းပိုက်

$
0
0

ဧပြီ ၇ ၊ ၂၀၁၄
M-Media

- ယမန်နေ့က ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရဲဌာနချုပ်ကို ဖျက်ဆီးခဲ့သည့် ရုရှားထောက်ခံသူ ဆန္ဒပြ လူအုပ်ကြီးမှာ ယနေ့တွင် ရဲဌာနရှိ လက်နက်တိုက်ကို သိမ်းပိုက်လိုက်သည်ဟု သိရသည်။

2014477314135734_20

ရုရှားနှင့် ၂၅ ကီလိုမီတာသာဝေးသော လူဟန့်စ်က် မြို့တွင် အမည်သိသူများမှာ လုံခြုံရေးအဆောက်အုံအား ဖျက်ဆီးဝင်ရောက်ခဲ့ပြီး၊ လက်နက်တိုက်အား သိမ်းပိုက်ခဲ့သောကြောင့် မိမိတို့အနေဖြင့် မြို့၏ ၀င်ပေါက်ထွက်ပေါက်များအားလုံးကို ပိတ်ဆို့ထားခဲ့ပြီဟု ယူကရိန်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါရဲဌာနချုပ်ကို ဆန္ဒပြလူအုပ်စုကြီးမှ ယမန်နေ့ကတည်းက ကြက်ဥ၊ ကျောက်တုံး၊ မီးခုံးဗုံးများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး မီးလောင်ဗုံးပါ ပါဝင်ခဲ့သည်။ ရုရှားထောက်ခံသူ သမ္မတဟောင်း ယာနူကိုဗစ်ခ်ျ ပြုတ်ကျသွားသည့် ဖေဖော်ဝါရီလကတည်းက လူဟန့်စ်က်မြို့တွင် မငြိမ်မသက် ဖြစ်နေခဲ့ခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းပြည်နယ် အဓိကမြို့များရှိ အစိုးရအဆောက်အဦးများအား ရုရှားထောက်ခံသူများက တိုက်ခိုက်နေသည်မှာ ကြာနေပြီဖြစ်ပြီးသည်။ ၎င်းတို့မှာ ထိုဒေသများအား ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်၍ ရုရှားနိုင်ငံထဲသို့ သွတ်သွင်းရန် ဆန္ဒရှိကြသူများဖြစ်ပြီး၊ ထိုကဲ့သို့ မငြိမ်သက်မှုများကြောင့် လက်ရှိ ယူကရိန်း သမ္မတ တာချီနော့ဗ်က လုံခြုံရေးအကြီးအကဲများအား ခေါ်ယူကာ အရေးပေါ်အစည်းအဝေး တစ်ခုကို ယမန်နေ့တွင် ပြုလုပ်ခဲ့သည်။ ယူကရိန်းအစိုးရကမူ ထိုကဲ့သို့ မငြိမ်သက်မှုများဖြစ်လာအောင် ရုရှားက လှုံ့ဆော်ပေးနေသည်ဟု စွပ်စွဲထားသည်။

Ref: Agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...