Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

လိင်တူချစ်သူ အတူနေ အမျိုးသမီး ၂ ဦး၏ သမီးငယ်အား နှစ်ခြင်းခံ၊ အာဂျင်တီးနားတွင် ပထမဆုံးဖြစ်

$
0
0

ဧပြီ ၉ ၊ ၂၀၁၄
M-Media

- အာဂျင်တီးနားနိုင်ငံတွင် လိင်တူချစ်သူ အတူနေ အမျိုးသမီး ၂ ဦး၏ သမီးငယ်အား ပထမဆုံး အကြိမ်အဖြစ် ခရစ်ယာန် ကက်သလစ် အသင်းတော်မှ နှစ်ခြင်းခံမင်္ဂလာ(ခရစ်ဘာသာဝင် အဖြစ်ခံယူခြင်း) ပြုပေးခဲ့သည်ဟု သိရသည်။
Carina-Villarroel-and-Soledad-Ortiz
လိင်တူစိတ်ဝင်စားသူ ကာရီနာ ဗီလာရိုအဲလ်နှင့် ဆိုလာဒက် အော်တစ်ဇ်ဟု အမည်ရသည် အတူနေအမျိုးသမီး ၂ ဦးမှာ ၎င်းတို့၏ သမီးငယ် အမ်မာ အဇူလ်အား နှစ်ခြင်းခံ မင်္ဂလာပြုပေးရန် ဂိုဏ်ချုပ်ဘုန်းတော်ကြီး ကားလို့စ် ဂျိုဆေး နာနက်ဇ်အား တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု Telam သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ဘုန်းတော်ကြီးကမူ ၎င်းတို့ ၂ ဦး၏ လိင်ပိုင်းဆိုင်ရာ အခြေအနေက ကလေးငယ်အပေါ် သက်ရောက်ခြင်းမရှိဟု ပြောကြားခဲ့သည်။

အဆိုပါကလေးငယ်၏ နှစ်ခြင်းခံ မင်္ဂလာပြုခြင်း အခမ်းအနားကို ကော်ဒိုဘာမြို့ရှိ ကက်သလစ် ဘုရားကျောင်းတွင် ပြုလုပ် ခဲ့သည်။

အာဂျင်တီးနား၏ လက်ရှိ သမ္မတ ခရစ္စတီနာ ဖာနန်ဒက်စ် ဒီ ကီရ်ခ်ျနာမှာ ထိုသမီးငယ်၏ ခေါင်းကိုင် မိခင်ဖြစ်ပြီး ထို အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ဘဲ ကိုယ်စားလှယ်ဖြစ်သူကိုသာ စေလွှတ်ခဲ့သည်။ သမ္မတအား ခေါင်းကိုင် မိခင်အဖြစ် တာဝန်ယူရန် မိမိက ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး လိင်တူလက်ထပ်မှု ဥပဒေကို ပြဌာန်းပေး ခဲ့ကာ မိမိတို့အား အခွင့် အရေးပေးခဲ့သည့် သမ္မတဟောင်း နက်စတာ ကီရ်ခ်ျနာကိုလည်း ကျေးဇူး တင်ကြောင်း အော်တစ်ဇ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့နှစ်ဦးမှာ ဘုရားကျောင်းတွင် လက်ထပ်ခွင့်ရရန် မျှော်လင့်နေပြီး ထိုအတွက်လည်း တိုက်ပွဲဝင် သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံတွင် လိင်တူ လက်ထပ်ခွင့်ကို ၂၀၁၀ ခုနှစ်က စတင်ကာ တရားဝင်ခွင့်ပြုခဲ့သော်လည်း၊ ခရစ်ယာန် ကက်သလစ်အသင်းတော်ကမူ လိင်တူ လက်ထပ်မှုအား လက်ခံခွင့်ပြုခြင်း မရှိပေ။ အာဂျင်တီးနားနိုင်ငံမှာ လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မွေးဖွားရာနိုင်ငံလည်းဖြစ်သည်။

လိင်တူလက်ထပ်မှုမှာ အပြစ်ရှိသော လုပ်ရပ်တစ်ခုဖြစ်သည်ဟု ကက်သလစ်အသင်းတော်က သတ်မှတ်ထားသော်လည်း ၎င်းတို့ ဘ၀နေထိုင်မှုတွင် အသင်းတော်က အယူအဆပိုင်းဆိုင်ရာ ၀င်ရောက် စွက်ဖက်မှု ပြုလုပ်မည် မဟုတ်ဟု ပုပ်ရဟန်းမင်းကြီးက ၂၀၁၃ ခုနှစ်တွင် ပြောကြားခဲ့ဖူးသည်။

Ref: CNN
Photo-Agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...