Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ပွဲစဉ်မဲခွဲ ရီးယဲလ်နှင့် ဘိုင်ယန်၊ အက်သလက်တီကိုနှင့် ချယ်ဆီးတို့တွေ့ဆုံ

$
0
0

ဧပြီ ၁၁၊ ၂၀၁၄
M-Media

- ဥရောပဘောလုံးလောက၏ အဆင့်အမြင့်ဆုံးနှင့် အကြီးကျယ်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်သည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ရုံးစိုက်ရာ ဆွစ်ဇလန်နိုင်ငံ Nyon မြို့တွင် ယနေ့တွင် မဲခွဲခဲ့သည်။

2088723_w2

ဆီးမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည့်လေးသင်းမှာ စပိန်မှ ရီးယဲလ်၊ အက်သလက်တီကို၊ အင်္ဂလန်မှ ချယ်ဆီး၊ ဂျာမနီမှ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်တို့ဖြစ်ကြပြီး မဲခွဲခဲ့ရာ ရီးယဲလ်နှင့် ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကိုနှင့် ချယ်ဆီးတို့ တွေ့ဆုံခဲ့သည်။

ဥရောပချန်ပီယံဘောလုံးပြိုင်ပွဲအဖြစ်မှ ချန်ပီယံလိဂ်အဖြစ် အမည်ပြောင်းခဲ့ပြီးနောက်ပိုင်း ဘိုင်ယန်မှာ နှစ်ကြိမ်ဆက်ဗိုလ်စွဲနိုင်သည့် ပထမဆုံးအသင်းအဖြစ် မျှော်မှန်းနေပြီး၊ ချန်ပီယံလိဂ်အစဉ်အလာရှိသည့် ရီးယဲလ်ကလည်း ၁၀ ကြိမ်မြောက် ဥရောပချန်ပီယံဖြစ်ရန် ကြိုးစားနေကာ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ၎င်းတို့ နှစ်သင်း နောက်ဆုံးတွေ့ဆုံခဲ့သည့် ၅ ပွဲတွင် ဘိုင်ယန်မြူးနစ်က လေးပွဲအနိုင်ရထားသည့် အစဉ်အလာရှိနေသည်။

၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆီးမီးဖိုင်နယ် တက်ရောက်လာခဲ့သည့် အက်သလက်တီကိုအသင်းမှာ ချယ်ဆီးအသင်းနှင့် သုံးကြိမ်တွေ့ဆုံခဲ့ပြီး နောက်ဆုံးတွေ့ဆုံခဲ့သည့် ၂၀၁၂ ခုနှစ် ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲတွင် အက်သလက်တီကိုက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်ပွဲစဉ်ကို ဧပြီ ၂၂၊ ၂၃ နှင့် ၂၉၊ ၃၀ ရက်များတွင် ပြုလုပ်မည်ဖြစ်ပြီး၊ နောက်ဆုံးဗိုလ်လုပွဲကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့တွင် မေလ ၂၄ ရက်နေ့တွင် ကစားမည်ဖြစ်သည်။

ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ပွဲစဉ်များ

ရီးယဲလ်မက်ဒရစ် VS ဘိုင်ယန်မြူးနစ်
အက်သလက်တီကို VS ချယ်ဆီး


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...