Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

ကုလလက်အောက်ခံ အေဂျင်စီအဖွဲ့ ၁၃ ခုသို့ ၀င်ရောက်ရန် ပါလက်စတိုင်းမှ လျှောက်ထားခြင်းကို ဘန်ကီမွန်လက်ခံ

$
0
0

ဧပြီ ၁၁၊ ၂၀၁၄
M-Media

- ကုလသမဂ္ဂလက်အောက်ရှိ အေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်၏ တောင်းဆိုချက်ကို ကုလသမဂ္ဂက လက်ခံလိုက်သည်ဟု သိရသည်။

201441023246608734_20

နိုင်ငံတကာ အေဂျင်စီ ၁၃ ခုအတွင်း ပါဝင်ခွင့်ရရေး အတွက် ပါလက်စတိုင်း၏ လျှောက်ထားခြင်းအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က လက်ခံခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၉၃ နိုင်ငံသို့လည်း ထိုလျှောက်ထားချက်အား လက်ခံကြောင်း ဘန်က အကြောင်းကြားခဲ့သည်ဟု ကုလပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က သတင်းထောက်များအား ယမန်နေ့တွင် ပြောကြားခဲ့သည်။

ဧပြီလ ၂၉ ရက်နေ့တွင် ကုန်ဆုံးမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား သက်တမ်းတိုးရန် ကြိုးပမ်းမှုအဖြစ် နောက်ဆုံးအသုတ် အကျဉ်းသား ၂၆ ဦးလွှတ်ပေးရန် အစ္စရေးက ငြင်းဆန်ခဲ့သောကြောင့် တုံ့ပြန်သောအနေဖြင့် နိုင်ငံတကာ သဘောတူစာချုပ် ၁၅ ခုသို့ ၀င်ရောက်ခွင့် တောင်းခံလွှာကို ပါလက်စတိုင်းက လက်မှတ်ရေးထိုခဲ့ခြင်းဖြစ်သည်။ ထိုသဘောတူညီချက် ၁၅ ခုတွင် ကုလလက်အောက်ခံ သဘောတူစာချုပ် ၁၃ ခု၊ ဂျီနီဗာမှ ၁ ခုနှင့် နယ်သာလန်မှ တစ်ခုတို့ဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း သံအမတ်ကြီး ရီယဒ်မန်ဆူရ်က ပါလက်စတိုင်းအနေဖြင့် လာမည့်မေလ ၂ ရက်နေမှစတင်ကာ အဆိုပါ အေဂျင်စီ ၁၅ ခုမှ ၁၃ ခုတွင် တရားဝင် ပါဝင်လာမည်ဖြစ်ကာ အစ္စရေး၏ လုပ်ရပ်များအပေါ် မူတည်၍ ကုလအေဂျင်စီများ၊ သဘောတူညီချက်များနှင့် စာချုပ်များအတွင်း ဆက်သွယ်ပါဝင်ရန် အဆင့်သင်ဖြစ်နေပြီဟုလည်း ပြောကြားခဲ့သည်။

အစ္စရေးဘက်ကမူ ပါလက်စတိုင်း၏ ထိုကြိုးပမ်းမှုအားလက်မခံဘဲ၊ ပါလက်စတိုင်းအတွက် ကောက်ခံပေးနေသည့် အခွန်ငွေများနှင့် အစ္စရေးဘဏ်များတွင်ရှိသည့် ပါလက်စတိုင်းပိုင်ငွေများအား မပေးဘဲထားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။
AP


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...