Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ယခင်က ပြသဖူးခြင်း မရှိသည့် ရှေးဟောင်း အစ္စလာမ့် အနုပညာလက်ရာ ပြပွဲ အစ္စတန်ဘူလ်တွင်ပြုလုပ်

$
0
0

ဧပြီ ၁၂၊ ၂၀၁၄
M-Media

- ယခင်က ပြသဖူးခြင်းမရှိခဲ့သည့် အစ္စလာမ့်အနုပညာလက်ရာများနှင့် လက်ရေးလှ အတတ်ဖြင့် ရေးချယ်ထားသော ပစ္စည်းများ ပါဝင်သည့် ပြပွဲတစ်ခုကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ယခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
FBD_Ask_i-Nebi-Sergisi_4
“Ask-Dogumunun 1443 Yilinda Hz. Peygamber” (၁၄၃၃ မွေးနေ့ အထိမ်းအမှတ် တမန်တော်မြတ် အတွက် ချစ်ခြင်းမေတ္တာ) ခေါင်းစဉ်ဖြင့် ပြသသည့် အဆိုပါပြပွဲအား တော့ပ်ကာပီ နန်းတော်၌ အင်္ဂါနေ့က စတင်ပြသခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားကိုလည်း စည်ကား သိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။ ထိုပြပွဲတွင် အလွန်အရေးပါသည့် ရှေးဟောင်း ဂန္တ၀င် အစ္စလာမ့် အနုပညာလက်ရာများကို ပြသထားသည်ဟု  ပွဲစီစဉ်သူများက ဆိုသည်။

ထိုပြပွဲတွင် ၁၅ရာစု၊ ၁၆ ရာစုနှင့် ၁၇ရာစုခေတ်များမှ လက်ရေးလှအတတ်ဖြင့် ရေးသားထားသော ကုန်အာန်ကျမ်းတော်မြတ်၊ တမန်တော်မြတ်၏ သြ၀ါဒတော်များနှင့် တန်တော်မြတ်၏ ထေရုပ္ပတိတို့အပြင် အခြားသော အနုပညာလက်ရာများကို ပြသထားသည်။

ထိုပွဲသို့ တူရကီနိုင်ငံ သာသနာရေးရာအကြီးအကဲ မဟ်မတ် ဂေါ်မက်ဇ်လည်း တက်ရောက်ခဲ့ပြီး ပြပွဲမှာ ကွဲပြဲမှုများ ကြီးထွားလာနေသည့် ယခုလက်ရှိ တူရကီလူ့အဖွဲ့အစည်းနှင့် မည်ကဲ့သို့ ဆက်စပ်မှုရှိသည်ကို ရှင်းပြခဲ့သည်။

“လွန်ခဲ့တဲ့ ရာစုနှစ် ၁၄ ခုအရင်က တမန်တော်မြတ်ရဲ့ သနားညှာတာမှု လေပြေလေညှင်းလေးတစ်ခု တိုက်ခတ်ခဲ့ပြီး၊ ကွဲကြေပြန့်ကြဲနေတဲ့ နှလုံးသားတွေကို စုစည်းပေးခဲ့ပါတယ်။ ဒီပြပွဲဟာလည်း နွမ်းလျနေတဲ့ ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို ပေါင်းစည်းပေးတဲ့၊ ကျွန်တော်တို့ကို ကူညီတဲ့၊ ကျွန်တော်တို့ရဲ့ အတိတ်က အမှားတွေ၊ မကောင်းမှုကို ချန်ထားခဲ့တဲ့ ပွဲလေးတစ်ခု ဖြစ်ပါလိမ့်မယ်” ဟု ဂေါ်ရ်မက်ဇ်က ဆိုသည်။

ထို့ပြင် အစ္စလာမ်နှင့် ပတ်သက် ဆက်နွယ်မှုက ထွက်ပေါ်လာသည့် ပုံရိပ်က မွတ်စလင် အားလုံးအတွက် ရေးကြီးပြီး၊ ထိုပုံရိပ်မှာ ရိုသားဖြူစင်မှုအပေါ်တွင် အခြေခံသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

“ဒီပွဲလေးဟာ ရိုးသားဖြူင်ပါတယ်။ လူကောင်းယောင်ဆောင်တာ၊ ဟန်ဆောင်တာ၊ အဏာမက်မောတာ၊ ပစ္စည်းဥစ္စာအတွက်သာ တရားမျှတတာတွေဟာ ကံမကောင်းအကြောင်း မလှစွာနဲ့ ဘာသာတရားထဲကို ထိုးဖေါက် ၀င်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ဘာသာတရားနဲ့ ရိုးသားတဲ့ တစ်ခုတည်းသော ဆက်နွယ်မှုက ဟန်ဆောင်မှု ကင်းတာပါပဲ”

ထိုပြပွဲအား ဇူလိုင်လ ၁၅ ရက်နေ့အထိ ၃ လကျော် ခင်းကျင်းပြသသွားမည်ဖြစ်သည်။

Ref: Todays Zaman


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...