Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

Copa del Rey ဗိုလ်လုပွဲတွင် ဘာစီကိုနိုင်ပါက စိတ်ပိုင်းဆိုင်ရာ တွန်းအားဖြစ်မည်ဟု အန်ဆယ်လော့တီဆို

$
0
0

ဧပြီ ၁၄၊ ၂၀၁၄
M-Media

- ဘာစီလိုနာအသင်းအား လာလီဂါတွင် ၄ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ထားခြင်းက Copa del Rey ဖလားဗိုလ်လုပွဲစဉ်အား ရိုက်ခတ်လိမ့်မည်မဟုတ်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

385329_heroa

ရီးယဲလ်မှာ Copa del Rey ဖိုင်နယ်ပွဲအဖြစ် မက်စ်တဲလားကွင်း၌ ဗုဒ္ဓဟူးနေ့တွင် ဘာစီလိုနာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဖလားသုံးလုံးပစ်မှတ်ထားနေသည့် ရီးယဲလ်အတွက် ပထမဆုံး ဆုတံဆိပ်လည်း ဖြစ်လာမည်ဖြစ်သည်။

လာလီဂါတွင်မှု ၎င်းတို့ ၂ သင်းစလုံးမှာ ထိပ်ဆုံးမှ အက်သလက်တီကိုမက်ဒရစ်အသင်းအား အမီလိုက်နေရပြီး၊ အန်ဆယ်လော့တီကမူ Copa del Rey ဗိုလ်လုပွဲတွင် ခါးသီးသောပြိုင်ဘက် ဘာစီလိုနာအား အနိုင်ရခဲ့ပါက ထိုအနိုင်ရရှိမှုမှာ မိမိတို့အသင်းအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားများကို ရရှိစေမည်ဟု ဆိုသည်။

“အကြောင်းအရင်းတော်တော်များများကြောင့် ဒီပွဲဟာ အရေးကြီတာပါ။ ပထမတစ်ခုကတော့ ဒီဖလားဟာ ဒီရာသီမှာ ကျွန်တော်တို့ ရနိုင်တဲ့ ပထမဆုံးဖလားပါ၊ ဒုတိယအနေနဲ့ကတော့ ဘာစီလိုနာလို အသင်းကြီးနဲ့ ကစားရလို့ပါ။ ဒါတွေအားလုံးဟာ ကျွန်တော်တို့အတွက် အလွန်အရေးပါ ပါတယ်။ ဒီရာသီရဲ့ ပထမဆုံး ဖလားကို ရနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေဟာ ကျွန်တော်တို့အတွက် လှုံ့ဆော်မှုတွေကို ဖြစ်စေပါတယ်” ဟု အန်ဆယ်လော့တီ၏ ပြောကြားမှုကို ရီးယဲလ်၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ထို့ပြင် လာလီဂါတွင် ဘာစီလိုနာအသင်းအား ၄ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့မှုက ဗုဒ္ဓဟူးနေ့ပွဲအတွက် သက်ရောက်မှုရှိလိမ့်မည် မဟုတ်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...