Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ကော့ကေးရှပ်ဒေသတွင် အကြီးဆုံးဖြစ်လာမည့် ဗလီဝတ်ကျောင်းတော်အား အဇာဘိုင်ဂျန်တွင် တည်ဆောက်နေ

$
0
0

ဧပြီ ၁၆၊ ၂၀၁၄
M-Media

- ကော့ကေးရှပ်ဒေသတွင် အကြီးဆုံးဖြစ်လာမည့် ဗလီဝတ်ကျောင်းတော် တစ်လုံးကို အဇာဘိုင်ဂျန်နိုင်ငံ မြို့တော် ဘာကူတွင် တည်ဆောက်နေသည်ဟု သိရသည်။

baku

မြေဧက ၁.၃ ဟက်တာပေါ်တွင် တည်ဆောက်နေသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်ကို Shirvan ဒေ၏ ရိုးရာအနုပညာ လက်ရာအတိုင်း ဆောက်လုပ်နေခြင်းဖြစ်ပြီး မင်နာရတ် မျှော်စင် ၄ ခုနှင့် အမိုးခုံး ၉ ခု တို့ပါဝင်မည်ဖြစ်ကာ ပန်းပုလက်ရာများနှင့် အလှဆင်ထားသည့် အကြီးဆုံး အမိုးခုံး၏ အချင်းမှာ ၃၈ မီတာရှိမည်ဖြစ်သည်။

မင်နာရတ်မျှော်စင်၏ စုစုပေါင်းအမြင့်မှာ ၉၅ မီတာ (၃၁၁ ပေ) ရှိကာ၊ ဗလီဝတ်ကျောင်းတော်အတွင်း ဓာတ်လှေကားများ တပ်ဆင်ထားပြီး အမျိုးသား၊ အမျိုးသမီးများအတွက် သီးသန့် ၀တ်ပြုဆောင်များကို ထားရှိပြီး ၀င်ပေါက်တွင် စက်လှေကားများ တပ်ဆင်ထားရှိမည်ဖြစ်သည်။

မသန်စွမ်းသူများ ၀တ်ပြုနိုင်ရန် အတွက် အသုံးအဆောင် ပစ္စည်းများကိုလည်း ထားရှိပြီး၊ ကားအစီးရေ ၄၀၀ ခန့် ရပ်နားနိုင်သည့် ကားပါကင်ကိုလည်း ထည့်သွင်း တည်ဆောက်မည်ဖြစ်သည်။

အဇာဘိုင်ဂျန်နိုင်ငံမှာ ကော့ကေးရှပ်ဒေသတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး အနောက်အာရှနှင့် အရှေ့ဥရောပတို့ အကြား အချက်အချာကျသည့်နေရာတွင် တည်ရှိသည်။ အဇာဘိုင်ဂျန်၏ လူဦးရေမှာ ၉.၃ သန်းကျော်ရှိပြီး ၉၅ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

islam.ru


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...