Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အငြင်းပွားဖွယ် ဂူဗိမာန်သို့ ဂျပန်ပါလီမန် အမတ်များ သွားရောက် ဂါရ၀ပြု

$
0
0

ဧပြီ ၂၂၊ ၂၀၁၄
M-Media

- ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ကြသူများအား မြှုပ်နှံထားသည့် အငြင်းပွားဖွယ် ဗိမာန်ကို ဂျပန်အစိုးရ အရာရှိများနှင့် ပါလီမန်အမတ် ၁၅၀ ခန့်က ဧပြီလ ၂၂ ရက်နေ့တွင် သွားရောက်ဂါရပြုခဲ့ကြသည်ဟု သိရသည်။

0,,17581842_303,00

ဂျပန်စစ်ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ အပါအ၀င် စစ်အတွင်း သေဆုံးသွားခဲ့ကြသော သူများအား မြှုပ်နှံကာ ဂုဏ်ပြုထားသည့် တိုကျိုမြို့ရှိ Yasukuni ဗိမာန်သို့ ဂျပန်ပြည်ထဲရေးဝန်ကြီး ယိုရှီတာကာရှင်ဒို အပါအ၀င် ပါလီမန်အမတ် ၁၅၀ ခန့်က ယနေ့တွင် သွားရောက်ဂါရပြုခဲ့သည်။ ထိုကဲ့သို့သွားရောက်ခြင်းမှာ ၃ ရက်ကြာ ကျင်းပမည့် နွေဦးရာသီပွဲတော် အထိမ်းအမှတ်အဖြစ် ဂါရ၀ပြုခဲ့ခြင်းလည်းဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ ထိုဗိမာန်သို့ သွားရောက်ခြင်းမရှိခဲ့ဘဲ ယမန်နေ့က လက်ဆောင်သာပေးအပ်ခဲ့သည်။

တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ကမူ ထိုဗိမာန်မှာ ၂၀ ရာစု ပထမတစ်ဝက်အတွင်း ဂျပန်၏ စစ်ဝါဒကို ဖော်ကျူးသည့် ပြယုဂ်တစ်ခုအဖြစ် သတ်မှတ်ထားသည်။ တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကွင်ဂန်က အဆိုပါဗိမာန်သို့ ရှင်ဇိုအာဘေး၏ လက်ဆောင်ပေးအပ်မှု၊ အစိုးရအရာရှိများ သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ ရှုတ်ချခဲ့ပြီး၊ ဂျပန်ကတ်ဘိနတ်၏ သမိုင်းတွင်မည့် အမှားဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ဒီဇင်ဘာလက ထိုဗိမာန်သို့ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး သွားရောက် ဂါရ၀ပြုခဲ့ပြီး တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့က ရှုတ်ချခဲ့ကြကာ၊ အာဘေးအစိုးရ၏ ထိုလုပ်ရပ်မှာ အတိတ်က ဂျပန်နိုင်ငံ၏ ကိုလိုနီအုပ်ချုပ်ရေးကို ပြန်ပြောင်းဖော်ပြသကဲ့သို့ ဖြစ်နေသည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်း ကိုရီးယားကျွန်းဆွယ်နှင့် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းများကို သိမ်းယူခဲ့ကာ စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သည်။

Ref: Press TV


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...