Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မြန်မာနိုင်ငံတွင် မွတ်စလင်များကို ဖိနှိပ်ထားမှု အိုဘားမား သတိပေး၊ နိုင်ငံ့အခြေအနေ ဆိုးရွားသွားစေနိုင်သည်ဟုပြော

$
0
0

ဧပြီ ၂၇၊ ၂၀၁၄
M-Media

- လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများက မြန်မာနိုင်ငံအား ဆိုးရွားသောလမ်းကြောင်းသို့ ရောက်သွားစေနိုင်သည်ဟု မလေးရှားသို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။
obama_web_3

“မွတ်စလင်လူ့အဖွဲ့အစည်းကို ဖိနှိပ်ထားမယ်ဆိုရင် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ အောင်မြင်မှာ မဟုတ်ပါဘူး”

ယခင် စစ်အာဏာရှင်စနစ်မှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ရဲရင့်စွာ ဆောင်ရွက်နေခြင်းအား အိုဘားမားက ချီးကျူးခဲ့သော်လည်း နှစ်ပေါင်းများစွာကြာ ဖိနှိပ်ချုပ်ချယ်ခဲ့ပြီးနောက် ဒီမိုကရေစီ စနစ်ပြောင်းလဲခြင်းတွင် အန္တရာယ်များလည်း ရှိနေခဲ့သည်ဟု သတိပေးခဲ့သည်။

“မွတ်စလင်လူ့အဖွဲ့အစည်းကို ဖိနှိပ်ထားမယ်ဆိုရင် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ အောင်မြင်မှာ မဟုတ်ပါဘူး” ဟု ကွာလာလမ်ပူ မြို့တော်ခန်းမတွင် ပြုလုပ်သည့် အစည်းအဝေး၌ အိုဘားမားက ပြောကြားခဲ့သည်။ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများ၏ လက်ထဲတွင် ညှင်းပန်း နှိပ်စက်ခြင်းခံနေရသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်စလင်လူနည်းစုများကို ရည်ညွှန်း၍ အိုဘာမားက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီမိုကရေစီကို ပြောင်းလဲနေတဲ့နေရာမှာ အခုရှိနေတဲ့ အန္တရာယ်က ကွဲပြားတဲ့ လူမျိုးစုတွေနဲ့ မတူညီတဲ့ ဘာသာတရားတွေပါပဲ။ တကယ်လို့ ပြည်သူတွေဟာ ဘာသာရေးနဲ့ လူမျိုးရေး သတ်မှတ်ချက်တွေမှာ နိုင်ငံရေးဆိုင်ရာ အဖွဲ့ ဖွဲ့တာတွေစလာမယ်ဆိုရင်တော့… ပဋိပက္ခတွေကို သေချာပေါက် စတွေ့လာရမှာပါ…. အဲဒီလို ပဋိပက္ခတွေဟာ မြန်မာနိုင်ငံကို သိပ်ကိုဆိုးရွာတဲ့လမ်းကြောင်းထဲ ရောက်သွားစေနိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံထဲမှာ မွတ်စလင်လူနည်းစုတွေရှိတယ်။ သူတို့ တော်တော်များများဟာ သမိုင်းကြောင်းနဲ့ချီ အနှိမ်ခံရပြီး၊ သူတို့ရဲ့အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ ကာကွယ်ပေးခြင်းလည်း မခံရပါဘူး” ဟု အိုဘားမားက ထပ်လောင်းပြောကြားခဲ့သည်။

AFP


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...