Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် ၅ ခုတွင် တရားဝင် ပါဝင်ခွင့် ပါလက်စတိုင်းရရှိ

$
0
0

မေ ၅ ၊ ၂၀၁၄
M-Media

Palestine adopts significant human rights treaties
- ငြိမ်းချမ်းရေးဆွေးနွေးပွဲအား အစ္စရေးက အကြောင်းပြချက် အမျိုးမျိုးပြ၍ ဖျက်သိမ်းခဲ့ပြီးနောက် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့မှာ ကုလ၏ သဘောတူညီချက် ၅ ခုတွင် တရားဝင် ၀င်ရောက်ခွင့်ရခဲ့သည်ဟု သိရသည်။

“မသန်းစွမ်းသူများအခွင့်အရေး ဆိုင်ရာ သဘောတူညီချက်”၊ “အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပုံစံအားလုံးပယ်ဖျက်ရေး သဘောတူညီချက်” နှင့် “ကလေးငယ်များ၏ အခွင့်အရေးဆိုင်ရာ သဘောတူညီချက်” တို့ အပါအ၀င် သဘောတူညီချက် ၅ ခုကို ပါလက်စတိုင်းက ယမန်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပါဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လာမည့်လများအတွင်း “ပဋိပက္ခဖြစ်ပွားရာ ဒေသအတွင်းရှိ ကလေးငယ်များအား ကာကွယ်ရေး သဘောတူညီချက်” နှင့် အခြားသော နိုင်ငံတကာ သဘောတူညီချက်တို့တွင် ပါဝင်နိုင်ရန်အတွက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့က မျှော်လင့်နေသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ရူပါ့တ် ကိုလ်ဗီလီက ယခုကဲ့သို့ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းမှာ ပါလက်စတိုင်းအတွင်း လူ့အခွင့်အရေး ကာကွယ်မှုနှင့် မြှင့်တင်မှုများ ဆောင်ရွက်ရန်အတွက် အရေးပါသော ခြေလှမ်း တစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ပါလက်စတိုင်းဟာ ဒီနေ့ကစပြီး သဘောတူညီချက်ငါးခု၊ ဇူလိုင် ၂ ရက်နေ့ရောက်ရင် သဘောတူညီချက် ၇ ခုနဲ့ ပတ်သက် ကျုံးဝင်သွားပါပြီ။ ဒါ့ကြောင့်မို့လို့ ဒီသဘောတူညီချက်ကို အကောင်အထည် ဖေါ်၊ မဖေါ်ဆိုတာ အခြား တိုင်းပြည်တွေလိုပဲ အနီးကပ် စစ်ဆေးခံရမှာပါ။ ဒီသဘောတူညီချက်တွေမှာ ပြင်းထန်တဲ့ စည်းကမ်းချက်တွေရှိပါတယ်။ ဒါ့ကြောင့် ပိတ်ဆို့ခံထားရတဲ့ အနောက်ဘက်ကမ်းခြေနဲ့၊ ဂါဇာကမ်းမြှောင်ဒေသက ပါလက်စတိုင်းပြည်သူတွေရဲ့ လူ့အခွင်အရေးတွေကို ကာကွယ်ရာမှာ ကူညီဖို့ လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာ၊ ကုလသမဂ္ဂနဲ့ အခြားသောအဖွဲ့အစည်းတွေကို ဒါက အထောက်အပံ့အများကြီး ဖြစ်စေပါတယ်” ဟု ကိုလ်ဗီလီက ဆိုသည်။

ထိုဒေသအတွင်းရှိ နိုင်ငံများမှာ လူ့အခွင့်အရေး သဘောတူညီချက်များတွင် ပါဝင်ခွင့်ရရန် ကြိုတင် ၀င်ခွင့်တောင်းရသည်။ သို့သော်လည် မည်သည့်ဝင်ခွင့်တောင်းခြင်းမှ မလုပ်ခဲ့သည့် ပါလက်စတိုင်း၏ ၀င်ခွင့်ရခြင်းမှာ ထူးခြားချက်တစ်ခုဖြစ်သည်။

ကတိပြုထားသည့် အကျဉ်းသားများလွှတ်ပေးရေးကို ငြင်းဆန်ခဲ့သော အစ္စရေး၏ လုပ်ရပ်ကို တုံ့ပြန်သောအားဖြင့် ပါလက်စတိုင်းအာဏာပိုင် PA က နိုင်ငံတကာ သဘောတူညီချက် တစ်ဒါဇင်ခန့်တွင် ပါလက်စတိုင်းနိုင်ငံ ပါဝင်ခွင့်ရရန် ပြီးခဲ့သည့်လက ကုလအား တောင်းဆိုခဲ့ပြီး ဘန်ကီမွန်ကလည်း ထိုတောင်းဆိုချက်ကို လက်ခံခဲ့သည်။

UN Multimedia

Photo Courtesy: www.ummid.com


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...