Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ရိုဟင်ဂျာများကို ဖိနှိပ်မှု အဆုံးသတ်ရေး ဥပဒေ ကွန်ဂရက်တွင် အတည်ပြုရေး ထောက်ခံဖို့ အမေရိကန်မှ အကြီးဆုံး မွတ်စလင်အဖွဲ့ တိုက်တွန်း

$
0
0

မေ ၇ ၊ ၂၀၁၄
M-Media

Urge_Congress_to_Vote_Yes_on_Resolution_to_End_Persecution_of_Rohingya_Muslims_in_Burma_-_CAIR_-_2014-05-07_21.42.13

- မြန်မာနိုင်ငံတွင် ညှင်းပန်းနှိပ်စက်မှုများကို ခံနေရသည့် ရိုဟင်ဂျာ မွတ်စလင်များအား ကူညီနိုင်မည့် အမေရိကန် လွှတ်တော်ဆုံးဖြတ်ချက် H.R 418 အား ထောက်ခံရန် အမေရိကန်အစ္စလာမ် ဆက်ဆံရေးအဖွဲ့ CAIR က အမေရိကန်မွတ်စလင်များနှင့် ကွန်ဂရက်ကိုယ်စားလှယ်များအား တိုက်တွန်းလိုက်သည်။

အမေရိကန်နိုင်ငံခြားရေးရာ ကော်မတီက တညီတစ်ညွတ်တည်း သဘောတူခဲ့သည့် ဆုံးဖြတ်ချက် H.R 418 ကို မေလ ၇ ရက်၊ ဗုဒ္ဓဟူးနေ့(ယနေ့တွင်) အမေရိကန်အောက်လွှတ်တော်၌ နောက်ဆုံးအဆင့် မဲခွဲသွားမည်ဖြစ်သည်။

ထိုဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံအတွင်း လူနည်းစု ရိုဟင်ဂျာများအား ညှင်းပန်းနှိပ်စက်ခြင်းများကို အဆုံးသတ်ရန်နှင့် နိုင်ငံအတွင်းရှိ တိုင်းရင်းသား၊ ဘာသာရေးအုပ်စုများအတွက် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် လူအခွင့်အရေး ဆိုင်ရာများသတ်မှတ်ချက်များကို လေးစားရန် မြန်မာအစိုးရအား တိုက်တွန်းထားသည်။

အဆိုပါ ဆုံးဖြတ်ချက်ကို လွှတ်တော်ကိုယ်စားလှယ် ဂျိမ်း မက်ဂါဗန်၊ ဒီမိုကရက်နှင့် ရီပက်ဘလစ်ကန် ကိုယ်စားလှယ် ၄၉ ဦးတို့က အောက်လွှတ်တော်သို့ မိတ်ဆက်တင်သွင်းခဲ့ခြင်းဖြစ်ကာ နှုတ်ဖြင့်ထောက်ခံမှုများနှင့်အတူ အတည်ပြုရန်ရှိနေသည်။

ဆုံးဖြတ်ချက် 418 ကို ထောက်ခံမဲပေးခြင်းဖြင့် မြန်မာနိုင်ငံမှ မွတ်စလင်များအား အားပေးရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များအား တိုက်တွန်းသည့် အီးမေးလ်များကို CAIR အဖွဲ့က ပေးပို့ခဲ့သည်။ ထိုဆုံးဖြတ်ချက်အား အတည်ပြုလိုက်ခြင်းက ရိုဟင်ဂျာများအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် ညှင်းပန်းနှိပ်စက်မှု ပုံစံအားလုံးကို အဆုံးသတ်ရန် မြန်မာအစိုးရအား တိုက်တွန်းလိုက်ခြင်း ဖြစ်လာမည်ဖြစ်သည်။

Ref: http://www.cair.com/


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...