Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်ရေး ဖြစ်နေသော်လည်း တောင်တရုတ် ပင်လယ်တွင် ရေနံ ဆက်တူးမည်ဟု တရုတ်ဗိုလ်ချူပ်ပြော

$
0
0

မေ ၁၆၊ ၂၀၁၄
M-Media

chinese-people-s
- တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသည့် ရေပိုင်နက်တွင် ရေနံစင်ချထားမှုကြောင့် ဗီယက်နမ်တွင် လူသေဆုံးသည်အထိ တရုတ် ဆန့်ကျင်ရေး ဖြစ်ပွားခဲ့သော်လည်း ရေနံတူးဖော်ရေး လုပ်ငန်းများကို ဆက်လုပ်သွားမည်ဟု တရုတ် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဖန်းဖန်ဟွေက ယမန်နေ့တွင် ပြောကြားလိုက်သည်။

ထိုရေနံတူးဖော်မှုအား ရပ်တန့်ရန်အတွက် ဗီယက်နမ်က သင်္ဘောများ စေလွှတ်ထားခြင်းနှင့် ပတ်သက်၍ “မိမိတို့ လက်မခံနိုင်သည့် ကိစ္စ” ဟု ဖန်းဟွေက ပင်တဂွန်ဆွေးနွေးမှု အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မိမိတို့မှာ တောင်တရုတ် ပင်လယ် အရေးတွင် ချုပ်တည်းခဲ့ပြီး ယခုမှစ၍ ရေနံ တူးဖော်ခြင်းဖြစ်ကြောင်း၊ ဒေသတွင်း အချို့နိုင်ငံများမှာ ထိုလုပ်ငန်းများ လုပ်ဆောင်နေသည်မှာ ကြာပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံကမူ တရုတ်၏ ပိုက်နက်ဖြစ်ကြောင်း ကြေညာမှုကို အသိအမှတ် မပြုဘဲ အမေရိကန်ကလည်း ယခုကဲ့သို့ ရန်စသော လုပ်ရပ်အတွက် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ အာရှဒေသ ချိန်ညှိရေး မဟာဗျူဟာကို အချို့သောနိုင်ငံများက အသုံးချကာ တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ် ပင်လယ် တို့တွင် ပြဿနာများဖြစ်ပွားရန် လှုံ့ဆော်နေသည်ဟု ဖန်ဟွေက ထည့်သွင်းပြောကြားခဲ့သည်။

ဗီယက်နမ်တွင် အင်္ဂါနေ့မှ စတင်ကာ ၂ ရက်ကြာဖြစ်ပွားခဲ့သော တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ အတွင်း တရုတ် လူမျိုးများ အပါအ၀င် လူ ၂၀ ကျော်သေဆုံးခဲ့သည်။ ထိုကိစ္စအတွက် တရုတ် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ကိုလည်း ဗီယက်နမ်သို့ စေလွှတ်ထားသည်။

Ref: AFP/de


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...