Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဂါဇာရှိ မသန်စွမ်းသူများ ပြုစု ပျိုးထောင်ရေး စင်တာတစ်ခုကို အစ္စရေး ဗုံးကြဲတိုက်ခိုက်၊ စုစုပေါင်း သေဆုံးသူ ၁၂၄ ဦးရှိလာ

$
0
0

ဇူလိုင် ၁၂ ၊ ၂၀၁၄
M-Media
gaza_2972740b
- ဂါဇာအား အစ္စရေးမှ လေကြောင်းမှတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေပြီး ယနေ့တိုက်ခိုက်မှုများတွင်လည်း အရပ်သားသေဆုံးမှုများရှိခဲ့ကာ သေဆုံးသူအရေအတွက်မှာ ၁၂၄ ဦးအထိ ရှိလာပြီဖြစ်သည်။

ယနေ့နံနက်တွင် ဂါဇာစီးတီး ဂျာဘာလီယာဒေသရှိ မသန်စွမ်းသူများ ပြုစုပျိုးထောင်ပေးသည့် စင်တာတစ်ခုကို အစ္စရေးက ဗုံးကြဲခဲ့ပြီး လူနာသုံးဦးနှင့် သူနာပြုတစ်ဦး စုစုပေါင်း ၄ ဦးသေဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဘီအစ်ဘာဟီယာဒေသတွင်ရှိသည့် မသန်စွမ်းသူများအား ရန်ပုံငွေရှာဖွေပေးသော အဖွဲ့တည်ရှိရာ အဆောက်အဦး၌ လူ ၂ ဦး၊ တူဖာဒေသတွင် ၃ ဦးနှင့် ဂါဇာစီးတီး အနောက်ဘက်ခြမ်းတွင် ၃ ဦး အသီးသီးသေဆုံးခဲ့သည်။

ယမန်နေ့ညက ဂါဇာအလယ်ပိုင်း နူဆာရီရတ်ဒေသအား တိုက်ခိုက်မှုတွင်လည်း လူ တစ်ဒါဇင်ကျော် သေဆုံးခဲ့ကာ ဗလီဝတ်ကျောင်းတော် တစ်လုံးလည်း ပြိုပျက်ခဲ့သည်။ ၅ ရက်တာကြာမြင့်နေပြီဖြစ်သည့် အစ္စရေး၏ တိုက်ခိုက်မှုများတွင် လူပေါင်း ၉၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်။

အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ၀ါရှင်တန်၊ လန်ဒန်နှင့် ကမ္ဘာတစ်ဝှမ်း မြို့ကြီးအချို့တွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက ပြုလုပ်ခဲ့ကြသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ နိုင်ငံတကာမှဖိအားပေးမှုများကို ဂရုမစိုက်ဘဲ တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ယမန်နေ့ညပိုင်းက ပြောကြားခဲ့သည်။

Ref: Al Jazeera and agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...