Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဆေးဝါးပြတ်လတ်နေသည့် မာလာဝီမှ ဆေးရုံများသို့ မွတ်စလင် အကူအညီပေးရေးအဖွဲ့မှ ဆေးဝါးလှူ

$
0
0

ဇူလိုင် ၁၃ ၊ ၂၀၁၄
M-Media
MalawiIslamic-Relief-Donates-Medicines
- မူးယစ်ဆေးဝါးပြဿနာနှင့် ရင်ဆိုင်နေရသည့် မာလာဝီနိုင်ငံ၏ ကျန်းမာရေး ၀န်ဆောင်မှုကဏ္ဍ တိုးတက်စေရန် ရည်ရွယ်၍ ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ အထောက် အကူပြု ပစ္စည်းများကို မွတ်စလင် အကူအညီပေးရေး အဖွဲ့တစ်ခုဖြစ်သည့် Malawi Islamic Relief က လှူဒါန်းခဲ့သည်ဟု သိရသည်။

ဇူလိုင် ၁၀ ရက် ကြာသာပတေးနေ့က လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆေးပစ္စည်းများတွင် ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်များ၊ အားဆေးများ၊ ပိုတက်စီယမ် ကလိုရိုက်ဒ် အပါအ၀င် အခြားသော ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများပါဝင်ကာ စုစုပေါင်း ကန်ဒေါ်လာ ၂၅၀၀၀ တန်ဖိုးရှိသည်။

“ဒီမှာလှူဒါန်းခဲ့တဲ့ ဆေးပစ္စည်းတော်တော်များများကို မချီဂါ ခရိုင်ဆေးရုံနဲ့ ဇွမ်ဘာ ဗဟိုဆေးရုံတို့ရဲ့ ကုသမှု ပထမအဆင့်နဲ့ ဒုတိယအဆင့်တို့မှာ အသုံးပြုသွားမှာပါ” ဟု မာလာဝီ ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာ ဂျီန်း ကာလီလာနီက မာလာဝီသတင်းအေဂျင်စီသို့ ဇူလိုင် ၁၁ ရက်နေ့ သောကြောနေ့က ပြောကြားခဲ့သည်။ ထို့ပြင် ထိုဆေးရုံများမှာ ဆေးဝါးကုသရေးဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်နေရသောကြောင့် ထိုဆေးပစ္စည်းများအား ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

Malawi Islamic Relief အဖွဲ့ ပရိုဂရမ်အကြီးအကဲ ရှရစ်ဖ် မီယာကမူ မာလာဝီဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပြတ်လပ်နေမှုကို သိရှိခဲ့ရပြီးနောက် ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်သည်ဟု  ဆိုသည်။

ထိုလှူဒါန်းမှုအား ၀န်ကြီး ကာလီလာနီက ချီးကျူးခဲ့ပြီး  ဆေးဘက်ဆိုင်ရာ အထောက်အပံ့ လိုအပ်ချက် မြင့်မားနေသည့် နိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းအတွက် တိုးတက်မှုကြီးတစ်ခုကို ဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

အစ္စလာမ်သာသနာမှာ ခရစ်ယာန် သာသနာပြီးနောက် မာလာဝီနိုင်ငံတွင် ဒုတိယအကြီးဆုံး အယူဝါဒဖြစ်ပြီး ၁၆ သန်းသော နိုင်ငံလူဦးရေ၏ ၃၆ ရာခိုင်နှုန်းမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

Ref: OnIslam & News Agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...