Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဘယ်လ်ဂျီယံ မွတ်စလင် အမျိုးသမီးတစ်ဦး လူ ၁၀၀၀ ကျော်အား အစ္စလာမ်ဘက်သို့ ဖိတ်ခေါ်နိုင်ခဲ့

$
0
0

ဇူလိုင် ၁၄ ၊ ၂၀၁၄
M-Media

WomanHelps-1000-People-to-Find-Islam

- ငယ်ရွယ်စဉ်အချိန်ကတည်းက အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ခဲ့သည့် ဘယ်လ်ဂျီယံ မွတ်စလင်အမျိုးအသမီးတစ်ဦးမှာ ၎င်း၏ အိမ်အား အစ္စလာမ့်စင်တာအဖြစ် အသွင်ပြောင်း၍ လူပေါင်း တစ်ထောင်ကျော်ကို အစ္စလာမ့်အေးရိပ်ဆာယာအောက်သို့ ဖိတ်ခေါ်နိုင်ခဲ့သည်ဟု သိရသည်။

ဗီရွန်နစ် ကူးလ်၏ အမည်ရသည့် အမျိုးသမီးငယ်ဖြစ်ပြီး သူငယ်ချင်းများ၏ ဖိတ်ခေါ်မှုကြောင့် ဆယ်ကျော်သက်အရွယ်ကပင် အစ္စလာမ်သို့ ပြောင်းလဲ သက်ဝင်လာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဗီရွန်နစ်မှာ ၎င်း၏ အိမ်အား အစ္စလာမ့်စင်တာအဖြစ် အသုံးပြုခဲ့ပြီး ဘယ်လ်ဂျီယံပြည်သူများ အစ္စလာမ်ကို လေ့လာနိုင်ရန်အတွက် စီစဉ်ပေးခဲ့သည်။

အဆိုပါစင်တာက ဘယ်လ်ဂျီယံပြည်သူများအကြား ရှိနေသည့် အစ္စလာမ်နှင့် ပတ်သက်သော  တင်ကူးမှန်းဆချက်များကို ရှင်းလင်းနိုင်ခဲ့သည်။

“တင်ကူးမှန်းချက်တွေက အစ္စလာမ်ကို နည်းလမ်းကျကျ မိတ်ဆက်မပေးတာကြောင့်ပါ။ မွတ်စလင်တွေဖြစ်တဲ့ ကျွန်မတို့ဟာ ပတ်ဝန်းကျင်ကို အစ္စလာမ်နဲ့ပတ်သက်ပြီး ပိုမိုရှင်းပြဖို့ လိုအပ်ပါတယ်” ဟု သူမ၏ ပြောကြားချက်ကို World Bulletin သတင်းဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

အဆိုပါ အစ္စလာမ့်စင်တာဖွင့်လှစ်ခဲ့သည့် ၈ နှစ်ကျော်ကာလအတွင်း ထိုစင်တာသို့ လာရောက်ဆက်သွယ်ကာ အစ္စလာမ်သို့ သက်ဝင်လာကြသူများမှာ ၁၀၀၀ ကျော်ရှိပြီး အများစုမှာ ဘယ်လ်ဂျီယံ အမျိုးသမီးများဖြစ်ကြသည်။

ဘယ်လ်ဂျီယံ၏ ၁၀ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာဝင်ဦးမှာ ၅ သိန်းနီးပါးရှိပြီး မြို့တော် ဘရပ်ဆဲလ်တွင်ပင် အစ္စလာမ်ဘာသာဝင် ၂၀ ရာခိုင်နှုန်းရှိသည်။ ဘရပ်ဆဲလ်တွင် ဗလီဝတ်ကျောင်းတော်နှင့် ၀တ်ပြုဆောင်ပေါင်း ၇၇ ခုရှိပြီး ဘယ်လ်ဂျီယံ နိုင်ငံတစ်ဝှမ်း ဗလီဝတ်ကျောင်းတော် ၃၀၀ ကျော်ရှိသည်။

Ref: OnIslam & News Agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...