Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးနှင့် မန္တလေးတိုင်း ဝန်ကြီးချူပ် ဒုတိယအကြိမ်တွေ့ဆုံ

$
0
0

ဇူလိုင် ၁၅ ၊ ၂၀၁၄
M-Media

ယခုလဆန်းမှာ မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် တွေအတွက်  မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ တာဝန်ရှိသူတွေဟာ မန္တလေး တိုင်းဝန်ကြိးချူပ်နဲ့ ဒုတိယအကြိမ် တွေ့ဆုံခဲ့တဲ့ အကြောင်းကို အစ္စလာမ် ကောင်စီဌာနချူပ်မှ အောက်ဖော်ပြပါအတိုင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အောက်ဖော်ပြပါ တာဝန်ရှိ သူများသည် မန္တလေးမြို့သို့ သွားရောက်၍ (၁၃-၇-၂၀၁၄)ရက်နေ့ နံနက်(၉)နာရီတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးရဲမြင့်၊ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး စသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

(က) အလ်ဟာဂ်ျ မောင်လာနာ ဆွာလေ့ဟ် (ခ) ဦးစိုးသန်း ( အိုလမာအဖွဲ့ချုပ်)
(ခ) အလ်ဟာဂ်ျ ဦးကျော်ငြိမ်း ( အိုလမာအဖွဲ့ချုပ်)
(ဂ) ဦးဝဏ္ဏရွှေ (အစ္စလာမ်ကောင်စီဌာနချုပ်)
(ဃ) အလ်ဟာဂ်ျ ဦးမြင့်ထွန်း (မ-မ-လဌာနချုပ်)
(င) ဟာဂျီ ဦးကျော်ခင် (မ-အ-ဖဌာနချုပ်)
(စ) ဦးကိုကိုလတ် (မ-အ-ဖဌာနချုပ်)

၂။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ၀န်ကြီးချုပ် ဦးရဲမြင့်က မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ဘာသာပေါင်းစုံမှ မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေး အတွက် ကူညီဆောင်ရွက်ကြပါရန် တိုက်တွန်းခဲ့ပါသည်။

၃။ ၄င်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ ဦးဝဏ္ဏရွှေ၊ ဟာဂျီ ဦးကျော်ခင်၊ အလ်ဟာဂ်ျ မောင်လာနာ ဆွာလေ့ဟ် (ခ) ဦးစိုးသန်း ၊ အလ်ဟာဂ်ျ ဦးမြင့်ထွန်းနှင့် အလ်ဟာဂ်ျ ဦးကျော်ငြိမ်းတို့က အောက်ဖော်ပြပါ အချက်များ တင်ပြ ဆွေးနွေးကြပါသည်။

(က) မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ ၀န်ကြီးချုပ် ဦးရဲမြင့်၏ တင်ပြချက်ကို သတင်းစာ အချို့တွင် ရေးသားဖော်ပြရာဝယ် မန္တလေးမြို့ ဂျွန်းဗလီ၌လက်နက်ခဲယမ်းများဖမ်းမိဟု ရေးသားထားခြင်းသည် ဖြစ်ရပ်မှန်နှင့် ကွဲလွဲလျက်ရှိသည့်အပြင် ဘာသာတစ်ခုခုနှင့်တစ်ခု နားလည်မှု လွဲမှားစေသော အရေးအသား ဖြစ်သဖြင့် ဖြစ်ရပ်မှန်အတိုင်း ပြန်လည် ပြင်ဆင် ပေးရန်။

(ခ) မန္တလေးမြို့ (ကြာနီကန်) မွတ်စ်လင်မ် သုသာန် ပြန်လည် ပြင်ဆင်ခွင့်ပြုရန်။

(ဂ) ရာဇ၀တ်မှုကျူးလွန်ခဲ့သူများကို ကျောသားရင်သား မခွဲဘဲ ဖော်ထုတ် အရေးယူ ပေးရန်။ (ဃ) မန္တလေးမြို့ရှိ အစ္စလာမ် သာသနာဝင်များ၊ ၄င်းတို့၏ နေအိမ် ဆိုင်ခန်းများနှင့် ဗလီဝတ်ကျောင်းတော်များကို လုံခြုံရေး ပြည့်ဝစွာ တာဝန်ယူပေးရန်။

(င) တရားဥပဒေစိုးမိုးမှုပျက်ပြားနေချန်တွင် မိမိကိုယ်ကို ခုခံကာကွယ် င်ရန်အတွက် မိမိနေအိမ်တွင် တုတ်၊ ဓား၊ လေးခွ ဆောင်ထားခဲ့သူများကို အရေးယူမှု မပြုပါရန်။

(စ) အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်သီတင်းကာလဖြစ်သဖြင့် ညဖက် ၀တ်ပြုသူများ အဆင်ပြေစေရန် ညမထွက်ရအမိန့်ကို ည(၉)နာရီ အစား ည(၁၀)နာရီသို့ ပြင်ဆင်ပေးပါရန်။ (ဆ) (၁၂-၇-၂၀၁၄)ရက်နေ့ ညနေပိုင်းက ၃၄-လမ်း၊ ၇၄-၇၅ လမ်းကြား မောရဂီဝါရပ် ဖလံဘိုဝင်း (အမြောက်တန်းကြီး) အတွင်းနေထိုင်သည့် ဥပုသ်ဆောက်တည်ထားသူ အစ္စလာမ်ဘာသာဝင် လူငယ်များကို ဥပုသ်ဖြေခါနီးအချိန်တွင် (၀ါဖြေခွင့်မပေးဘဲ) ဖမ်းဆီးခဲ့ခြင်းအပေါ် အစ္စလာမ်ဘာသာရေးရှုထောင့်အရ သင့်လျော်ခြင်း မရှိကြောင်းနှင့် အမြန်ဆုံး ပြန်လွှတ်ပေး ပါရန်ပြောကြားခဲ့ပါသည်။

(၄) ၀န်ကြီးချုပ် ဦးရဲမြင့်က မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများ၏ တင်ပြဆွေးနွေး ချက်များ အပေါ် ပြန်လည် ရှင်းလင်း ဆွေးနွေးရာတွင် လက်နက်ခဲယမ်းများဟု ရေးသားခဲ့ခြင်းအား ဖြစ်ရပ်မှန် အတိုင်း ပြန်လည်ပြင်ဆင် ဖော်ပြပေးမည် ဖြစ်ကြောင်း၊ ကြာနီကန် သုသာန်အား ပြန်လည် ပြင်ဆင်ခွင့်ပြုကြောင်း၊ ရာဇ၀တ်မှု ကျူးလွန်ခဲ့သူများကို ကျောသားရင်သား မခွဲဘဲ အထောက်အထား ခိုင်လုံစွာဖြင့် ဖော်ထုတ် အရေးယူလျက်ရှိကြောင်း၊ မန္တလေးမြို့ရှိပြည်သူများ၊ ၄င်းတို့၏ နေအိမ်ဆိုင်ခန်းများနှင့် ဗလီ ၀တ်ကျောင်းတော်များ အပါအ၀င်သာသနိကအဆောက်အအုံများကို လုံခြုံရေး အပြည့်ဝ တာဝန်ယူစီမံဆောင်ရွက်ထားကြောင်း၊ ညမထွက်အရအမိန့်ကို အခြေအနေ တည်ငြိမ်လာသည်နှင့်အညီ လျှော့ချပေး သွားရန်ရှိကြောင်း၊ (၁၂-၇-၂၀၁၄)ရက်နေ့ ဖမ်းဆီးမှုတွင် ဥပုသ်ဖြေခါနီးအချိန်နှင့် မရည်ရွယ်ဘဲ တိုက်ဆိုင်သွားခြင်း သာဖြစ်ပါကြောင်း၊ ဖမ်ဆီးထားသူများကို အမြန်ဆုံး စိစစ်၍ ရာဇ၀တ်မှုကျူးလွန်ခဲ့ခြင်း မရှိသူများကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း နိဂုံးချုပ်ပြောကြားခဲ့ပါသည်။

၅။ ၄င်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများသည် မန္တလေးမြို့၊ ဗလီဝတ်ကျောင်းတော်အချို့နှင့် (ကြာနီကန်) မွတ်စ်လင်မ် သုသာန် သို့ သွားရောက်၍ ဂေါပက တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Islam Council, Ahlone FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...