Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မွတ်စလင်များနှင့် စည်းလုံးမှုကို ပြသည့် အနေဖြင့် ဘက်သလီဟမ်ရှိ ခရစ်ယာန်များ ရိုဇဟ်ဥပုသ် ဆောက်တည်ကြ

$
0
0

ဇူလိုင် ၁၅ ၊ ၂၀၁၄
M-Media
BethlehemChristians-Fast-Ramadan
- ရမ်ဇာန်လမြတ်တွင် မွတ်စလင်မိတ်ဆွေများ၏ ဘာသာရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုကို မျှဝေခံစားသောအားဖြင့် အစ္စရေးက သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ ဘက်လီဟမ်ရှိ ခရစ်ယာန်ဘာသာဝင်များမှာ ရိုဇဟ်ဥပုသ် ဆောက်တည်ခဲ့ကြသည်။

“ကျွန်တော့်အဘွားလည်း အရင်တုန်းက ဒီလိုပဲ ရိုဟ်ဇာဥပုသ် စောင့်လေ့ရှိပါတယ်။ မွတ်စလင်နဲ့ ခရစ်ယာန်တို့ဟာ ဥပုသ်ဆောက်တည်ကြပြီး အခြားသော ဘာသာတရားတွေအပေါ် လေးစားသမှုနဲ့ ညီညွတ်မှုကိုပြဖို့ ဒီနည်းလမ်းနဲ့ပဲ ကျွန်တော်တို့ ကြီးပြင်းလာခဲ့ကြတာပါ” ဟု ဘက်သလီဟမ်တွင် လက်ဆောင် ပစ္စည်းနှင့် ကျောက်မြတ်ရတနာဆိုင် ဖွင့်လှစ်ထားသော မိုက် ကာနာဝတီက Al-Arabiya သတင်းဌာနသို့ ပြောကြားခဲ့သည်။

အစ္စလာမ်ပြက္ခဒိန်တွင် အမွန်မြတ်ဆုံးသောလဖြစ်သည့် ရမ်ဇာန်လမြတ်တွင် အရွယ်ရောက်ပြီးသည့် အစ္စလာမ်ဘာသာဝင်များမှာ နံနက်အရုဏ်တက်အချိန်မှ ညနေနေ၀င်ချိန်အထိ စားခြင်း၊ သောက်ခြင်းနှင့် မေထုန်မှီဝဲခြင်းတို့ကို ရှောင်ကျဉ်ရပြီး၊ ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ကြရသည်။

ခရစ်ယာန်သာသနာတွင်လည်း ဥပုသ်ဆောက်တည်ရခြင်းမျိုးရှိပြီး အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာတို့တွင် သတ်မှတ်ထားသော ဥပုသ်ဆောက်တည်ခြင်း၏ အဓိပ္ပါယ်ကိုလည်း ကာနာဝတီက ဖော်ပြခဲ့သည်။

“ခရစ်ယာန် ဒါမှမဟုတ် မွတ်စလင်တို့ရဲ့ ဥပုသ်ဆောက်တည်ခြင်း နည်းလမ်း နှစ်ခုစလုံးဟာ စားစရာသောက်စရာမရှိတဲ့ လူတွေရဲ့ ခံစားမှုမျိုးကို ခံစားသိရှိလာအောင် လုပ်ပေးတာပါ” ဟု ၎င်းက ပြောကြားခဲ့ပြီး မွတ်စလင်တို့၏ ရမ်ဇာန်လမြတ်တွင် ဥပုသ်ဆောက်တည်ရခြင်းကို အခြားသော ခရစ်ယာန်များနည်းတူ ဂုဏ်ယူမိကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းက ခရစ်ယာန်သာသနာအား မည်သည့် ယုတ်လျော့စေမှုမှ မဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

မွတ်စလင်များကလည်း ခရစ်ယာန်တို့၏ ဥပုသ်ဆောက်တည်ချိန်ကာလအတွင်း ၎င်းတို့ကဲ့သို့ ချီစ်၊ အသားနှင့် နို့များ စားသုံးခြင်းကို ရှောင်ရှားကာ ခရစ်ယာန်များနှင့် စည်းလုံးညီညွတ်စွာ ရှိနေမှုကို ပြသကြသည်။

ထိုဓလေ့ထုံးတမ်းမှာ နှစ်ရာပေါင်းများစွာကြာ တည်ရှိခဲ့ပြီး ဘက်သလီဟမ်တွင် အတူယှဉ်တွဲနေထိုင်ခဲ့ကြသည့် ခရစ်ယာန်နှင့် မွတ်စလင်မျိုးဆက်များက လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြခြင်းဖြစ်သည်။

ပါလက်စတိုင်း သုတေသနနှင် ယဉ်ကျေးမှု ဒိုင်ယာလော့ စင်တာမှ ဘက်သလီဟမ်ရှိ ခရစ်ယာန်များအား ၂၀၀၆ ခုနှစ်တွင် ပြုလုပ်ခဲ့သည့်  စစ်တမ်းကောင်းယူမှုများအရ ခရစ်ယာန် ၉၀ ရာခိုင်နှုန်းမှာမွတ်စလင်များနှင့် ရင်းနှီးစွာ ဆက်ဆံကြပြီး၊ ၇၃ ရာခိုင်နှုန်းက ပါလက်စတိုင်း အာဏာပိုင်များမှာ ခရစ်ယာန်တို့၏ အမွေအနှစ်များကို လေးစားတန်ဖိုးထားသည်ဟု ရှုမြင်ကြသည်။ ထို့ပြင် ခရစ်ယာန်များ ဘက်သလီဟမ်မှ အခြားနိုင်ငံများသို့ ပြောင်းရွှေ့အခြေချခြင်းမှာ ဒေသအတွင်း အစ္စရေး၏ ခရီးသွားခွင့် ကန့်သတ်ခြင်းကြောင့် ဖြစ်သည်ဟု ၇၈ ရာခိုင်နှုန်းက ပြောကြားခဲ့သည်။

Ref: OnIslam & News Agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...