Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

တိုက်စစ်မှူးများ အခွင့်အရေး အသုံး မချနိုင်ခဲ့၍ ကမ္ဘာ့ဖလား ချန်ပီယံဆု လွဲခဲ့ရဟု မက်ဆီပြော

$
0
0

ဇူလိုင် ၁၅ ၊ ၂၀၁၄
M-Media
435095_heroa
- ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂျာမနီအသင်းအား ရှုံးနိမ့်ခဲ့ရခြင်းမှာ တိုက်စစ်မှူးများ အဆုံးသတ်မသေချာခြင်းနှင့် ဆီးမီးဖိုင်နယ်ကစားပြီးနောက် နားချိန် တစ်ရက်လျော့ခြင်း စသည့် အကြောင်းများကြောင့် ဖြစ်သည်ဟု အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ပြောကြားလိုက်သည်။

ထိုပွဲတွင် အာဂျင်တီးနားအသင်း၏ ကစားသမားများဖြစ်ကြသည့် ဟီဂူအင်၊ ပလာစီယိုနှင့် မက်ဆီတို့မှာ အကောင်းဆုံးအခွင့်အရေး တစ်ကြိမ်စီရရှိခဲ့ကြသော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဂိုးမရခဲ့ဘဲ ဂေါ့ဇီ၏ အချိန်ပိုသွင်းဂိုးဖြင့် ဂျာမနီအသင်းအား အရှုံးပေးခဲ့ရသည်။

မက်ဆီကမူ မိမိတို့မှာ ထိုအခွင့်အရေးများကို အသုံးချနိုင်ခဲ့သင့်ပြီး ပိုကောင်းသည့် အခြေအနေနှင့် ထိုက်တန်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပိုကောင်းတဲ့အခြေအနေနဲ့ ထိုက်တန်ခဲ့ပြီး ဒါကြောင့်လည်း ကျွန်တော်တို့ ၀မ်းနည်းရတာပါ။ တိုက်စစ်မှူးတွေကလည်း ရတဲ့အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေအတွက် ကမ္ဘာ့ဖလားကို မယူပေးနိုင်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့အားလုံး ခံစားခဲ့ရပါတယ်” ဟု မက်ဆီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ထို့ပြင် ဂျာမနီအသင်းမှာ ဆီးမီးဖိုင်နယ်အား ၁ ရက်စောကစားခဲ့ရပြီး နားချိန် ၂၄ နာရီပိုရခဲ့ခြင်းက အချိန်ပိုကစားရာတွင် သက်ရောက်မှုရှိခဲ့သည်ဟု မက်ဆီက ထပ်လောင်းပြောကြားခဲ့သည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...