Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဖနွမ်းပင်တွင် ပြုလုပ်ခဲ့သော် အစိုးရဆန့်ကျင်သည့် ဆန္ဒပြပွဲအား ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွဲ

$
0
0

ဇူလိုင် ၁၆ ၊ ၂၀၁၄
M-Media
201471510456671734_20
- ကမ္ဘောဒီးယားအစိုးရ၏ နိုင်ငံရေးဆိုင်ရာ စုဝေးခွင့် ပိတ်င်မှုကို ဆန့်ကျင်ကာ အတိုက်အခံများ၏ ဆန္ဒပြမှုအား ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခဲ့မှုကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

နိုင်ငံ၏ သက်တော်ရှည်ဝန်ကြီးချုပ် ဟန်ဆန်ကို ဆန့်ကျင်သည့် အဆိုပါ ဆန္ဒပြပွဲကို မြို့တော်ဖနွမ်းပင်ရှိ လွတ်လပ်ရေးပန်းခြံအနီး အတိုက်အခံ ရာပေါင်းများစွာက ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများအသုံးပြုကာ ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူအချို့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဆန္ဒပြသူများကလည်း ရဲတပ်ဖွဲ့အား ပြန်လည်တိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ CNRP က အနိုင်ရရန် ရေပန်းစားခဲ့သော်လည်း ဟန်ဆန်၏ ပါတီက အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီးနောက် အစိုးရနှင် အတိုက်အခံများအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

ယနေ့ပြုလုပ်သည့် ဆန္ဒပြပွဲကြောင့် CNRP ပါတီခေါင်းဆောင် မူဆိုဟွာအပါအ၀င် အတိုက်အခံ ပါလီမန်အမတ် ၃ ဦးအား ထိန်းသိမ်းထားသည်ဟု ဖနွမ်းပင် မြူနီစပယ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဖွနွမ်းပင် လက်ထောက်ရဲချုပ်ကမူ ၎င်းတို့အား ဖမ်းဆီးခြင်းမဟုတ်ဘဲ မင်းမဲ့စရိုက်ဆန်သည့် ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့်အတွက် ထိန်းသိမ်းထားခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့်အချိန်တွင် လွှတ်ပေးမည်ကို ရှင်းရှင်းလင်းလင်းပြောကြားခဲ့ခြင်းမရှိချေ။

Ref: Agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...