Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဂါဇာမှ ပါလက်စတိုင်း ပြည်သူများကို ကူညီရန် တောင်အာဖရိက မွတ်စလင်များ ရန်ပုံငွေ ရှာဖွေ

$
0
0

ဇူလိုင် ၁၆ ၊ ၂၀၁၄
M-Media
SAfricaMuslims-Raise-Funds-for-Gaza
- အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရပြီး၊ ဂါဇာတွင်ပိတ်မိနေသည့် ပါလက်စတိုင်းများအား အစားအသောက်နှင့် ဆေးဝါးများထောက်ပံ့ရန်အတွက် ရန်ပုံငွေရှာဖွေရေး အစီအစဉ်ကို တောင်အာဖရိကမွတ်စလင်များက နိုင်ငံတစ်ဝှမ်းတွင် စတင်ခဲ့သည်ဟု သိရသည်။

ဟားမက်စ်အဖွဲ့က ဒုံးကျည်များပစ်လွှတ်သည်ဟုဆိုကာ ဂါဇာဒေသအား အစ္စရေးမှ တိုက်ခိုက်နေသည်မှာ ၈ ရက်မြောက်ရှိလာခဲ့ပြီဖြစ်ပြီး အနည်းဆုံး လူ ၁၉၀ ကျော်သေဆုံးခဲ့ပြီဖြစ်ကာ ဒဏ်ရာရရှိသူ တစ်ထောင်ကျော်လာခဲ့ပြီဖြစ်သည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူအများစုမှာ ကလေးများနှင့် အမျိုးသမီးများဖြစ်ကြသည်။

“သိပ်ကိုဝမ်နည်းစရာကောင်းပါတယ်။ အပြစ်မဲ့တဲ့ကလေးသူငယ်တွေအသတ်ခံနေရပြီး နိုင်ငံတကာ အသိုင်းဝိုင်းကလည်း ရပ်ကြည့်နေကြပါတယ်။ အခုလို ရမ်ဇာန်လမှာ အဆိုးဝါးဆုံးဖြစ်ပျက်နေတာပါ” ဟု အစ္စလာမ့်ဆေးဘက်ဆိုင်ရာအသင်း KZN မှ ဆိုလီ ဆူလေမန်က IOL သို့ ဇူလိုင် ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ပါလက်စတိုင်းအရေအတွက်မှာလည်း တိုးလာခဲ့ပြီး ၎င်းတို့အတွက် အခြေခံလိုအပ်ချက်များမှာ အရေးတကြီးလိုအပ်နေသည်။

တောင်အာဖရိက အစ္စလာမ့်ဆေးဘက်ဆိုင်ရာအသင်း (Imasa)နှင့် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းဖြစ်သူ PIMA (နိုင်ငံတကာဆေးဘက်ဆိုင်ရာ ပါလက်စတိုင်း အကူအညီပေးရေးအဖွဲ့) တို့မှာ ဂါဇာကမ်းမြှောင်ဒေသရှိ ပြည်သူများအတွက် အစားသောက်၊ အ၀တ်အစား၊ ဆေးဝါးနှင့် အခြားသော ပစ္စည်းများ ထောက်ပံ့ရန် ရည်ရွယ်၍ ရန်ပုံငွေရှာဖွေရေးလှုပ်ရှားမှုကို စတင် လုပ်ဆောင်ခဲ့သည်။

“၂၀၀၉ ခုနှစ်မှာ အစ္စရေးဘက်က နောက်ဆုံး ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ၀င်ပေါက်တွေပိတ်ပစ်ခဲ့တာ၊ လောင်စာ၊ လျှပ်စစ်မီးအပါအ၀င် အရေးပါတဲ့ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ကိရိယာတွေကို ပိတ်ပင်ခဲ့တာတွေကြောင့် ဂါဇာရဲ့ ဆေးဘက်ဆိုင်ရာကဏ္ဍဟာ ကျပ်တည်းနေပါတယ်။ နောက်ပြီး အခုဖြစ်ပွားနေတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကြောင့်လည်း ဂါဇာရဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းကိရိယာတွေနဲ့ ၀န်ထမ်းတွေဟာ ၀န်ဆောင်မှုပေးဖို့ ရုန်းကန်နေရပါတယ်” ဟု Imasa မှ ဒေါက်တာ ရီအက်ဇ်က ပြောကြားခဲ့သည်။

ထို့ပြင် ဆေးဝါးများ၊ ခွဲစိတ်ပစ္စည်းများ၊ တစ်ခါသုံးပစ္စည်းများ၊ ဓာတ်ဆားနှင့် ဆေးဘက်သုံး အခြားအရည်များ အမြန်လိုအပ်နေကြောင်း၊ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ပါလက်စတိုင်းပြည်သူများမှာလည်း အ၀တ်အထည်၊ စောင်၊ နေထိုင်စရာ၊ အစားအသောက်၊ သောက်သုံးရေ၊ တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် အခြားသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Imasa အဖွဲ့နှင့်အတူ PIMA၊ Gift of the Givers အဖွဲ့နှင့် ဂါဇာအခြေစိုက် Al Imdaad ဖောင်ဒေးရှင်းတို့မှာလည်း ဂါဇာဒေသအား အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်နေကြသည်။

အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ တောင်အာဖရိက မွတ်စလင်များမှာ အစ္စရေးထုတ်ကုန်များကို သပိတ်မှောက်ရန် ဆော်သြနေသည်။ ကမ္ဘာ့တစ်ဝှမ်းတွင်လည်း ဂါဇာဒေသအား အစ္စရေးမှ တိုက်ခိုက်နေမှုကို ရှုတ်ချသည့် ဆန္ဒပြပွဲများကို ပြီးခဲ့သည့် ရက်များက ပြုလုပ်ခဲ့ကြသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...