Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ကမ္ဘာ့ဖလားမှ ရရှိခဲ့သည့် ဆုကြေးအား ဘရာဇီးလ် ကလေးငယ်များ အတွက် အိုဇေးလ် လှူဒါန်း

$
0
0

ဇူလိုင် ၁၈ ၊ ၂၀၁၄
M-Media
433709_heroa
- ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းမှ အလယ်တန်းကစာသမား မီဆု အိုဇေးလ်မှာ ပြိုင်ပွဲမှ ၎င်းရရှိခဲ့သည့် ဆုကြေးငွေ ယူရို ၃ သိန်းကို နားမကျန်းဖြစ်နေသူ ဘရာဇီးလ်ကလေးငယ် ၂၃ ဦးအား ခွဲစိတ်ကူသရန်အတွက် လှူဒါန်းခဲ့သည်ဟု သိရသည်။

ဂျာမနီအသင်း၏ အဓိက ကစာသမားဖြစ်သည့် အိုဇေးလ်မှာ ပြိုင်ပွဲမစခင်ကပင် ဘရာဇီးလ် ကလေးငယ် ၁၁ ဦးအတွက် လှူဒါန်းမည်ဟု ကတိပြုခဲ့ပြီး၊ ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲခဲ့သည့် ဂျာမနီအသင်းသား ၂၃ ဦးနှင့် ကိုက်ညီစေရန်အတွက် နောက်ပိုင်းတွင် ၁၂ ဦး ထပ်မံဖြည့်စွက် ခဲ့ခြင်းဖြစ်သည်။

အိုဇေးလ်ကမူ ထိုကဲ့သို့လှူဒါန်ခဲ့ခြင်းမှာ ဘရာဇီးလ်ပြည်သူများအား ကျေးဇူတင်သည့်သဘော ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ကမ္ဘာ့ဖလားမတိုင်ခင်က နာမကျန်းတဲ့ကလေးငယ် ၁၁ ဦး ခွဲစိတ်ဖို့အတွက် ကျွန်တော်ထောက်ပံ့ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲတာဟာ ကစားသမား ၁၁ ဦး ကြောင့် မဟုတ်ဘဲ တစ်သင်းလုံးကြောင့်ဖြစ်တဲ့အတွက် ကျွန်တော် ထောက်ပံ့ပေးမယ့် ကလေးအရေအတွက်ကို ၂၃ ဦး တိုးမြှင့်လိုက်တာပါ။ ဒါဟာ ဘရာဇီးလ်ပြည်သူတွေရဲ့ ဖော်ရွေမှုအတွက် ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုပါပဲ” ဟု အိုဇေးလ်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ဂျာမနီအသင်းသား တစ်ဦးချင်းဆီမှာ ဆုကြေးငွေ ယူရို ၃ သိန်းရရှိခဲ့ကြသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...