Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အီရတ်ရှိ အိုးအိမ်စွန့်ခွာ ခရစ်ယာန်များကို မွတ်စလင် ကယ်ဆယ်ရေးအဖွဲ့ အကူအညီများပေးနေ

$
0
0

သြဂုတ် ၁၀ ၊ ၂၀၁၄
M-Media
IslamicRelief-Eases--raq-Christians-Life
- အီရတ်နိုင်ငံ မြောက်ပိုင်း ဒေသအချို့အား သိမ်းပိုက်ထားသည့် ISIS ၏ ရန်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ခရစ်ယာန်ဘာသာဝင်များအား အီရတ်ရှိ မွတ်စလင် အကူအညီပေးရေးအဖွဲ့ Islamic Relief က ထောက်ပံ့မှုများ ပြုလုပ်နေသည်ဟု သိရသည်။

“နိုင်နီဝါခရိုင် အလ်-ဟာမာဒန်ယာမြို့နဲ့ ဘာရှီကာက မိသားစုဝင်တွေကို ထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဖြူးခဲ့ပါတယ်။ ပြီးတော့ အဲဒီမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေပါတယ်” ဟု  Islamic Relief အဖွဲ့၏ ၀ဘ် စာမျက်နှာတွင် ဖော်ပြထားသည်။

ISIS အဖွဲ့မှာ ပြီးခဲ့သည့် နှစ်လအတွင်း အီရတ်မြောက်ပိုင်း မူဆိုးလ်မြို့နှင့် ဒေသအချို့ကို သိမ်းပိုက်ကာ အစ္စလာမ့်မစ်နိုင်ငံတော် တည်ထောင်သည်ဟု ကြေညာ ခဲ့သည်။ ISIS အဖွဲ့ ခေါင်းဆောင် အဘူဘာကာ အလ်-ဘဂ္ဂဒါဒီမှာ ခလီဖာအဖြစ်ကြေညာခဲ့ပြီး အစ္စလာမ့်မစ်နိုင်ငံတော်အတွင်း ရှိနေသည့် ခရစ်ယာန်များ အနေဖြင့် ဂျစ်ဇယာ အခွန် ပေးဆောင်ခြင်းမပြုပါက နယ်နမိတ်အတွင်းမှ ထွက်သွားရန် အမိန့်ပေးခဲ့သည်။

ထို့ကြောင့် ထိုဒေသအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များမှာ ကာဒ့်လူမျိုးများအုပ်ချုပ်ရာ ကာ့ဒ်ဒစ္စတန်ပြည်နယ်နှင့် နိုင်နီဝါ ခရိုင်အရှေ့ပိုင်းသို့ ထွက်ပြေးခဲ့ကြရသည်။

Islamic Relief အဖွဲ့မှာ ထိုပြဿနာများ စတင်ဖြစ်ပွားသည့်အချိန်ကပင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးအပ်ခဲ့သည်။

“အန်ဘာရ်နဲ့ ဆာလာဟက်ဒင်မှာ မိသားစု သုံးထောင်အတွက် အစားသောက်တွေ၊ တစ်ကိုယ်ရေသန့်ရှင်းမှု ပစ္စည်းတွေနဲ့ အ၀တ်အစားတွေကို ဝေငှခဲ့ပါတယ်” ဟု Islamic Relief ၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထို့ပြင် Islamic Relief မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများအတွက် လိုအပ်သည်များကို ပိုမိုပေးအပ်နိုင်ရန် ကုလသမဂ္ဂနှင့် ပူးတွဲလုပ်ဆောင်လျက်ရှိနေသည်။

“Islamic Relief ဟာ ဆင်ဂျာဒေသမှာ သောက်သုံးရေရရှိရေး၊ ရေးဆိုးနဲ့ တစ်ကိုရေသန့်ရှင်းမှုပြဿနာ ဖြေရှင်းရေးတို့အတွက် သဘောတူညီချက်တစ်ခုကို ယူနီဆက်ဖ်နဲ့ လက်မှတ်ရေးထိုးထားပါတယ်။ ပြီးတော့ လူရှစ်ထောင်လောက်ကို ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ရာမှာ စီမံခန့်ခွဲဖို့ တာဝန်ကိုလည်း ရယူထားပါတယ်။

ကယ်ဆယ်ရေးစခန်းကို ရောက်လာတဲ့သူတွေ နေထိုင်ဖို့အတွက် ယာယီတဲ ၁၀၀၀ လောက်ကိုလည်း Islamic Relief က ဆောက်လုပ်နေပါတယ်” ဟု Islamic Relief က ရေးသားဖော်ပြခဲ့သည်။

အီရတ်ရှိ နယ်မြေအချို့ကို သိမ်းပိုက်ပြီး အစ္စလာမ့်မစ် နိုင်ငံတော်ကြေညာက အီရတ်အစိုးရတပ်များအား တိုက်ခိုက်ခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သော အဆောက်အဦးများအား ဖျက်ဆီးခြင်း ဘာသာရေးလူနည်းစုများအား နှိပ်ကွပ်ခြင်းတို့ကို ပြုလုပ်နေသည့် ISIS ၏ လုပ်ရပ်များကို ထင်ရှားသည့် အစ္စလာမ်ဘာသာရေးအဖွဲ့များနှင့် ကမ္ဘာ့မွတ်စလင်ထုတစ်ရပ်လုံးက ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်နေသည်။

ထို့ပြင် ၎င်းတို့၏ လုပ်ရပ်များမှာ အစ္စလာမ်ကို ကိုယ်စားမပြုဘဲ၊ အစ္စလာမ်သာသနာ၏ သွန်သင်မှုများနှင့် လွဲချော်ဆန့်ကျင်နေသောလုပ်ရပ်များဖြစ်သည်ဟု ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာရေးအဖွဲ့များက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အီရတ်လူငယ်များကလည်း ISIS အဖွဲ့အားတွန်းလှန်ရန်အတွက် အစိုးရတပ်များတွင် ၀င်ရောက်အမှုထမ်းနေကြသည်။

ref_OnIslam




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...