Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဘာစီလိုနာတွင် အလွန်ပျော်ရွှင်သည်ဟု နေးမာဆို

$
0
0

သြဂုတ် ၁၃ ၊ ၂၀၁၄
M-Media
443928_heroa
– ဘာစီလိုနာအသင်းနှင့် ပွဲဦးထွက်ရာသီတွင် မျှော်မှန်း ထားသကဲ့သို့ အောင်မြင်မှုများ မရခဲ့သော်လည်း မိမိနေဖြင့် အသင်း၌ အလွန်အမင်း ပျော်ရွှင်မိသည်ဟု အသင်း၏ ဘရာဇီလ်း တိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။

ဘာကာသို့ အငြင်းပွားဖွယ် အပြောင်းအရွှေ့ဖြင့် ပြီးခဲ့သည့်နွေရာသီက ရောက်ရှိလာခဲ့သည့် နေးမာမှာ ဒဏ်ရာများနှင့် ရုန်းကန်ခဲ့ရပြီး ခြေစွမ်းမပြနိုင်ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

“ဘာကာပရိတ်သတ်တွေရဲ့ မေတ္တာကြောင့် ကျွန်တော်ဟာ ပျော်ရွှင်နေပါတယ်။ သူတို့ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ၊ ကျွန်တော် မမျှော်လင့်ထားတဲ့ နိုင်ငံတိုင်းမှာ ရှိနေကြတာပါ။ အဲဒီ့အတွက် အရမ်းပျော်ရွှင်မိပါတယ်။ ဘောလုံး ကစားရတာကို ကျွန်တော်နှစ်သက်တယ်။ ဘာစီလိုနာရဲ့ သမိုင်းမှာ ပါဝင်ခွင့်ရတာဟာ ကျွန်တော့်အတွက်တော့ ရမ်းဂုဏ်ယူစရာကောင်းတဲ့ ကိစ္စတစ်ခုပါပဲ။ ဘာကာဟာ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးဘောလုံးအသင်းတွေထဲက တစ်ခုပါပဲ” ဟု နေးမာ၏ ပြောကြားမှုကို ဘာစီလိုနာအသင်း၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နေးမာမှာ နောက်ကျောဒဏ်ရာ ရရှိခဲ့သောကြောင့် ဆေးကုသမှု ခံယူနေရပြီး ပြီးခဲ့သည့် တစ်ပတ်ကမှ ဘာစီလိုနာအသင်း၏ လေ့ကျင့်ရေး အစီအစဉ်တွင် ပြန်လည်ပါဝင်နိုင်ခဲ့သည်။ ဘာစီလိုနာအသင်းမှာ လာလီဂါအဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ ၂၄ ရက်နေ့တွင် အိမ်ကွင်း၌ အယ်လ်ချီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...