Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

ရန်ကုန်တိုင်းမှ ရေဘေးသင့်သူများ အတွက် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ မှ လှူဒါန်း

$
0
0

သြဂုတ် ၁၃၊ ၂၀၁၄
M-Media
လမင်း
11
ရန်ကုန်။      ။ ရန်ကုန်တိုင်းဒေသကြီးမှ ရေဘေးသင့်သူများအတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အဖွဲ့မှ ဆန်၊ ဆီ၊ ဆပ်ပြာ နှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ YMCA ခန်းမတွင် ဘာသာပေါင်းစုံမှ တာဝန်ရှိပုဂ္ဂိုလ်များက ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း သို့ လွဲပြောင်းပေးအပ်ခဲ့သည်။

“ဒုက္ခရောက်နေတဲ့သူတွေ အတွက် ကိုယ်ချင်းစာတဲ့စိတ်နဲ့ တတ်နိုင်သလောက် လူမျိုးမရွေး ဘာသာမရွေး လှူဒါန်းတာဖြစ်ပါတယ်။ နောက်လည်း လိုအပ်တဲ့ နေရာတွေကို တတ်နိုင်သလောက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟု အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်မှ ဥက္ကဌ ဦးညွန့်မောင်သျှိန် ကလှူဒါန်းရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

ရေဘေးသင့်ပြည်သူများအတွက် အစ္စလာမ်ဘာသာမှ ဆန်အိတ် ၂၅၀ အိတ်၊ ဗုဒ္ဓဘာသာ မှ ကျောင်းသုံးဗလာစာအုပ် ၃၀၀ အိတ်၊ ဟိန္ဒူဘာသာ ဆပ်ပြာအိတ် ၂၀ နှင့် ခရစ်ယာန်ဘာသာ မှဆီဘူး ၃၆၀ ဗူး လှူဒါန်းခဲ့ပါသည်။

“ဒုက္ခရောက်နေတဲ့သူတွေကို အထောက်အကူပြုစေမဲ့ ပစ္စည်းတွေကို လှူဒါန်းတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ ဒုက္ခရောက်နေတဲ့သူတွေဆီအားလုံးကိုရောက်အောင် လှူဒါန်းပေးမှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ရှင်းလင်းပြောကြားခဲ့သည်။

လာရောက်လှူဒါန်းသည့်သူများကိုလည်း ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးမှ စနစ်တကျ လှူဒါန်းနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးရာသီကာလမတိုင်မီ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး နောင်နှစ်များတွင်လည်း ယင်းကဲ့သို့ မဖြစ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ယခုလက်ရှိ ရန်ကုန်မြို့တွင် လှည်းကူး၊ မှော်ဘီတို့၌ ရေဘေးသင့်ပြည်သူများ ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး တာဝန်ရှိသူများမှ ရေတိုစီမံကိန်းနှင့် ချောင်းမြောင်းပိတ်ဆို့မှုတွေကို လုပ်နေပါကြောင်း သိရပါသည်။ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ရေးခက်ခဲမှုများကြောင့် ထမင်းထုပ်ဝေဌရေး၊လုပ်ငန်းကိုင်ငန်းများ ရပ်ဆိုင်းထားရသောကြောင့် ထိုက်သင့်သည့် ထောက်ပံ့မှုများ ပေးအပ်ခြင်းတို့ကို ပြုလုပ်နေကြောင်း သိရသည်။




Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...