Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အသင်းပြောင်းရွှေ့ရန် ဒီမာရီယာ ကိုယ်တိုင်က တောင်းဆိုခဲ့သည်ဟု အန်ဆယ်လော့တီ ဖွင့်ဟ

$
0
0

သြဂုတ် ၂၂ ၊ ၂၀၁၄
M-Media
446124_heroa
- ကွင်းလယ်လူ ဒီမာရီယာမှာ အသင်းမှ ထွက်ခွာချင်သည်ဟု မိမိအား ပြောကြားထားပြီး အပြောင်းအရွှေ့ရာသီ မပြီးခင် အဖြေတစ်ခု ရှာဖွေသွားမည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

ရီးယဲလ်မက်ဒရစ်အသင်းတွင် ပုံမှန်နေရာပျောက်ဆုံးနေသည့် ဒီမာရီယာအား ကလပ်အသင်းအများအပြားက ခေါ်ယူရန် စိတ်ဝင်စားနေပြီး၊ နည်းပြသစ် ဗန်ဂါးလ်၏ မန်ယူအသင်းသို့ ရောက်ရှိတော့မည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

“ဒီနွေရာသီမှာ ပြောင်းရွှေ့ဖို့ သူက တောင်းဆိုထားပါတယ်။ အသင်းမှာဆက်နေဖို့ ကမ်းလှမ်းမှုကို သူ ငြင်းပယ်ခဲ့တာကြောင့် သူအတွက် အပြောင်းအရွှေ့မပိတ်ခင် အဖြေတစ်ခု ရှာရပါတော့မယ်။ ဒါပေမယ့် အခုလက်ရှိမှာတော့ ရီးယဲလ်ကစားသမားအဖြစ် ဆက်ရှိနေမှာပါ” ဟု အန်ဆယ်လော့တီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သည့် ဒီမာရီယာမှာ ၂၀၁၀ ခုနှစ်က ရီးယဲလ်သို့ ပြောင်းရွှေ့လာခဲ့ပြီး ၂၀၁၈ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသော်လည်း ယူရို သန်း ၆၀ ၀န်းကျင်ဖြင့် ပြောင်းရွှေ့နိုင်ဖွယ်ရှိနေသည်။

အာဆင်နယ်၊ ချယ်ဆီးနှင့် ဘိုင်ယန်မြူးနစ်တို့မှ စိတ်ဝင်စားနေသည့် အခြားကွင်လယ်လူ ခီဒီရာ၏ အခြေအနေမှာ ဒီမာရီယာနှင့် ခြားနားကြောင်း ၎င်းအတွက် ကမ်းလှမ်းမှုများ မရှိသေးသော်လည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း အန်ဆယ်လော့တီက ထပ်လောင်း ပြောကြားခဲ့သည်။




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...