Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

တာလီဘန်တို့လက်မှ စစ်သားအား လဲလှယ်ရာတွင် အိုဘားမား အစိုးရ ဥပဒေ ချိုးဖောက်ခဲ့ဟု GAO ဆို

$
0
0

သြဂုတ် ၂၃၊ ၂၀၁၄
M-Media

201469102245337580_20
- တာလီဘန်တို့ ဖမ်းဆီးထားသည့် အမေရိကန် စစ်သား ဘာဂ်ဒဲလ်အား လွှဲပြောင်းပေး အပ်ရေး ဆောင်ရွက်ရာတွင် အမေရိကန်အစိုးရမှာ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်ဟု အစိုးရတာဝန်ခံမှုဆိုင်ရာရုံး GAO က ပြောကြားလိုက်သည်။

ဘာဂ်ဒဲလ်လွတ်မြောက်ရေးအတွက် အမေရိကန်က ဖမ်းဆီးထားသည့် တာလီဘန်အဖွဲ့ဝင် ၅ ဦးနှင့် လဲလှယ်ခဲ့ရပြီး ထိုလုပ်ငန်းစဉ်တွင် ကန်ဒေါ်လာ ၁ သန်းနီးပါးကုန်ကျခဲ့သည်။

ဂွာတနာမိုအကျဉ်းသားများအား လွှဲပြောင်းပေးရာတွင် ပြည်ထောင်စုအစိုးရ ရန်ပုံငွေမှ သုံးစွဲသည့် ငွေပမာဏကို ကွန်ဂရက်ရှိ အဓိကကော်မတီများအား ရက်ပေါင်း ၃၀ ထက် နောက်မကျဘဲ အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူများက အကြောင်းကြားရမည်ဟု အမေရိကန် ဥပဒေက ပြဌာန်းထားသည်။

သို့သော်လည်း အိုဘာမားအစိုးရအနေဖြင့် ထိုဥပေဒအား ချိုးဖောက်ခဲ့ပြီး သင့်လျော်သော တင်ပြမှုများ ပြုလုပ်ခဲ့ခြင်းမရှိဟု GAO က ကြာသာပတေးနေ့တွင် ထုတ်ပြန်သော ကြေညာချက် ၌ ဖော်ပြခဲ့သည်။

ဇွန်လ ၁ ရက်နေ့ ဘာဂ်ဒဲလ်အား လွှဲပြောင်းရယူသည့် ကိစ္စတွင် ရီပက်ဘလစ်ကန်များနှင့် အိုဘားမား၏ ဒီမိုကရက်ပါတီဝင်အချို့ကပင် ဝေဖန်ကန့်ကွက်ခဲ့ကြသည်။ သို့သော်လည်း အိမ်ဖြူတော်ကမူ အမေရိကန်နိုင်ငံသားများ၏ အသက်အား ကယ်တင်ရန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အပ်နှင်းထားသည့် တာဝန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

Agencies




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...