Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ခရုဇ်ဒုံးကျည်သစ်နှင့် ဒရုန်းလေယာဉ်သစ်များကို အီရန်မိတ်ဆက်

$
0
0

သြဂုတ် ၂၅ ၊ ၂၀၁၄
M-Media
Iran unveils indigenous cruise missiles, drones
- ကာကွယ်ရေးကဏ္ဍ တိုးတက်မှုအဖြစ် အီရန်နိုင်ငံမှာ ပြည်တွင်း၌ ထုတ်လုပ်သည့် ခရုဇ်ဒုံးကျည်များနှင့် ဒရုန်းလေယာဉ်သစ်များကို ယနေ့တွင် ထုတ်ဖော်ပြသလိုက်သည်ဟု သိရသည်။

တီဟီရန်တွင်ပြုလုပ်ခဲ့သည့် အဆိုပါအခမ်အနားတွင် မရိန်းခရုဇ်ဒုံးကျည်များဖြစ်သည့် Ghadir၊ Nasr-e Basir ဒုံးကျည်များနှင့် ဒရုန်းလေယာဉ် Karrar-4၊ Mohajer-4 ကို ပါဝင်ခဲ့ပြီး အခမ်းအနားသို့ အီရန်သမ္မတ ဟာဆန် ရူဟာနီ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဟိုစိန်ဒဟ်ကမ်တို့ တက်ရောက်ခဲ့သည်။

Ghadir မှာ အီရန်မှ ထုတ်လုပ်သည့် မျိုးဆက်သစ် ဒုံးကျည်ဖြစ်ပြီး တိကျမှုစွမ်းရည် ကောင်းမွန်၍ ကီလိုမီတာ ၃၀၀ အထိ ရောက်ရှိနိုင်ကာ ဖျက်ဆီးနိုင်စွမ်းလည်း မြင့်မားသည်။ Nasr-e Basir ဒုံးကျည်မှာလည်း လုပ်ဆောင်နိုင်စွမ်းမြင့်မားပြီး တည်ငြိမ်ကာ မြင့်မားသည့် နည်းစနစ်များကိုလည်း ထည့်သွင်းထားသည်။ အဆိုပါ ဒုံးကျည်များကို မြေပေါ်နှင့် ရေပြင် နှစ်မျိုးစလုံးမှ ပစ်ခတ်နိုင်သည်။

ယခုပြသခဲ့သည့် ဒရုန်းလေယာဉ်များမှာ စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုးစလုံးအတွက် ဝေဟင်မှ မြေပုံထောက်လှမ်းရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။ အီရန်နိုင်ငံမှာ ၂၀၁၀ ခုနှစ်တွင် ပထမဆုံး ပြည်တွင်းဖြစ် တာဝေးဒုံးကျည် Karrar ကို စတင်မိတ်ဆက်ခဲ့ပြီး နောက်ပိုင်းတွင် ဒုံကျည်အများအပြားနှင့် ဒရုန်းလေယာဉ်များကို ထုတ်လုပ်လာနိုင်ခဲ့သည်။




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...