Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မိမိတို့၏ ခြေစွမ်း ရောင့်ရဲ့မနေရန် အသင်းသားများအား မော်ရင်ဟို တိုက်တွန်း

$
0
0

သြဂုတ် ၂၅ ၊ ၂၀၁၄
M-Media
446298_heroa
- လက်စတာအသင်းအား အနိုင်ရခဲ့ခြင်းမှာ အရေးပါသည့်နိုင်ပွဲဖြစ်သော်လည်း အသင်းသားများအနေဖြင့် မိမိတို့၏ခြေစွမ်းကို ရောင့်ရဲမနေကြရန် ချယ်ဆီးနည်းပြ မော်ရင်ဟိုက သတိပေး ပြောကြားလိုက်သည်။

ချယ်ဆီးအသင်းမှာ ယမန်နေ့က ကစားခဲ့သည် ပရီးမီးယားလိဂ် ပွဲစဉ် ၂ တွင် လက်စတာ စီးတီးအသင်းအား ဒီယေဂိုကော်စတာနှင့် ဟဇာ့ဒ်တို့၏သွင်းဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ပြီး ရာသီသစ်တွင် ရာနှုန်းပြည့် နိုင်ပွဲဆက်နိုင်ခဲ့သည်။ သို့သော်လည်း မော်ရင်ဟိုကမူ ကစားသမားများ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ကျေနပ်ခြင်းမရှိခဲ့ပေ။

“ပထမပိုင်းမှာ အသင်းဟာ သိပ်လေးပါတယ်။ ဒါကိုကျွန်တော်မကြိုက်ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ တိုးတက်လာပါတယ်။ အရေးကြီးဆုံးချက်ကတော့ ကျွန်တော်တို့ နိုင်ခဲ့တာပါပဲ” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ပထမပိုင်းပွဲအပြီး၌ ကစားသမားများအား ပုံစံမပြောင်းလဲပါက ယခုပွဲအား နိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဒုတိယပိုင်းတွင် အသင်း၏ ကစားပုံမှာ လုံးဝ ပြောင်းလဲသွားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...