Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဗန်ပါစီနှင့် ရူနီတို့၏ စံချိန်ကို မမှီသောကြောင့် ၀ဲလ်ဘတ်အား ရောင်းချခဲ့ရခြင်းဟု ဗန်ဂါးလ်ဖွင့်ဟ

$
0
0

စက်တင်ဘာ ၁၂ ၊ ၂၀၁၄
M-Media
453902_heroa
– အသင်းရှိ တိုက်စစ်မှူးများဖြစ်ကြသည့် ၀ိန်းရူနီ၊ ရော်ဘင်ဗန်ပါစီတို့၏ ဂိုးသွင်းစံချိန်ကို မမှီသောကြောင့် ၀ဲလ်ဘတ်အား အာဆင်နယ်သို့ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြား လိုက်သည်။

မန်ယူလူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသည့် ၀ဲလ်ဘတ်မှာ အာဆင်နယ်သို့ ယူရိုသန်း ၂၀ ဖြင့် အပြောင်းအရွှေ့ နောက်ဆုံးနေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ၀ဲလ်ဘတ်မှာ မန်ယူ၌ ကစားစဉ် တစ်ရာသီ ၉ ဂိုးအထက် သွင်းယူနိုင်ခြင်း မရှိဘဲ ၎င်း၏ ထိုမှတ်တမ်းက ရောင်းချမှုနောက်ကွယ်မှ အကြောင်း တစ်ရပ်ဖြစ်သည်ဟု ဗန်ဂါးလ်ကဆိုသည်။

“သူတို့ရဲ့ စွမ်းရည်တွေကို ကျွန်တော်ယုံကြည်လာဖို့ အတွက် ကစားသမားအားလုံးကို အခွင့်အရေးပေး ခဲ့ပါတယ်။ ၀ဲလ်ဘတ်က အသက် ၉ နှစ်အရွယ်ကတည်းက ဒီမှာရှိခဲ့တာပါ။ ဆန်းဒါးလန်းမှာ ကစားပြီးတဲ့နောက် ဒီမှာ သုံးနှစ်ကြာ ကစားခဲ့ပါတယ်။ ဒါပေမယ့် ဗန်ပါစီနဲ့ ရူနီတို့ရဲ့ စံချိန်ကိုတော့ မမှီခဲ့ပါဘူး။ ဒါ့ကြောင့် သူ့ကို ကျွန်တော်တို့ ထွက်ခွာခွင့်ပြုခဲ့တာပါ” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

အာဆင်နယ်အသင်း၏ အဓိက တိုက်စစ်မှူး ဂျီရော့မှာ ဒဏ်ရာရနေသောကြောင့် မနက်ဖြန်တွင်ကစားမည့် မန်စီးတီးအသင်းနှင့်ပွဲတွင် ၀ဲလ်ဘတ်မှာ ပွဲထွက်ကစားသမား ဖြစ်လာဖွယ်ရှိနေသည်။




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...