Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ချယ်ဆီးအသင်းသာ မန်စီးတီးကို စိန်ခေါ်နိုင်ကြောင်း တိုက်စစ်မှူး ဇက်ကို ဖွင့်ဟ

$
0
0

စက်တင်ဘာ ၁၂ ၊ ၂၀၁၄
M-Media
447172_heroa
– အာဆင်နယ်အသင်းမှာ မိမိတို့အတွက် အန္တရာယ်ပေးနိုင်သော်လည်း မိမိမိတို့အား စိန်ခေါ်နိုင်သည့်အသင်းမှာ မော်ရင်ဟို၏ ချယ်ဆီးအသင်းသာဖြစ်သည်ဟု မန်စီးတီးတိုက်စစ်မှူး ဇက်ကိုက ပြောကြားလိုက်သည်။

မန်စီးတီးမှာ မနက်ဖြန်တွင် အာဆင်နယ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ဇက်ကိုကမူ အာဆင်နယ်အသင်းမှာ မိမိတို့အား ဒုက္ခပေးနိုင်မည်ဟု ဆိုသည်။

“(အာဆင်နယ်နဲ့) ပွဲဟာ ခက်ခဲမှာပါ။ ဒါပေမယ့် ကျွန်တော်ဟာ အကောင်းမြင်ပါတယ်။ ရာသီတိုင်းမှာ အင်္ဂလန်က ချန်ပီယံဆုအတွက် တိုက်ပွဲဝင်မယ့်အသင်းတွေ အများကြီးရှိပါတယ်။ ဒီရာသီမှာတော့ ချယ်ဆီးဟာ အကောင်းဆုံး စိန်ခေါ်သူ ဖြစ်လာမှာပါ” ဟု ဇက်ကိုက မန်စီးတီးအသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့မှာ လီဗာပူးလ်၊ စပါး၊ အာဆင်နယ်နှင့် မန်ယူတို့ကိုလည်း မေ့ထား၍မရကြောင်း၊ ၎င်းတို့မှာ ယမန်နှစ်ကထက် ပိုမိုတောင့်တင်းလာကြောင်း ဇက်ကိုက ထပ်လောင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရာသီများက ဒုတိယဦးစားပေးကစားသမားအဖြစ်သာ ကစားခဲ့ရသည့် ဇက်ကိုမှာ ယခုနှစ်တွင် ပွဲထွက်ကစားသမားဖြစ်လာခဲ့ပြီး ဂိုးများလည်း သွင်းယူထားနိုင်သည်။ ထို့ပြင် ပြီးခဲ့သည့် သြဂုတ်လအတွင်းကပင် အသင်းနှင့် ၄ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...