Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ရီးယဲလ်ထက် မန်ယူက မိမိ၏ ကစားပုံနှင့် ပိုမို အံဝင်သည်ဟု ဖယ်လ်ကာအိုဆို

$
0
0

စက်တင်ဘာ ၁၃ ၊ ၂၀၁၄
M-Media
1410434594129_wps_25_MANCHESTER_ENGLAND_SEPTEM
– ရီးယဲလ်မက်ဒရစ်ထက် မန်ယူအသင်းကသာ မိမိတို့၏ ကစားပုံနှင့် ပိုမိုကိုက်ညီသည်ဟု တိုက်စစ်မှူး ဖယ်လ်ကာအိုက ပြောကြားလိုက်သည်။

ရီးယဲလ်မှ ခေါ်ယူရန် ကြိုးစားခဲ့သည့် ဖယ်လ်ကာအိုမှာ အပြောင်းအရွှေ့ နောက်ဆုံးနေ့တွင် မိုနာကိုမှ မန်ယူသို့ အငှားစာချုပ်ဖြင့် အံအားသင့်ဖွယ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

“ဒီမှာရှိရတာကို ကျွန်တော် ပျော်ပါတယ်။ မန်ယူဟာ ကျွန်တော့်ရဲ့ကစားပုံအတွက် အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အတွက် သေချာခဲ့ပြီး အနာဂတ်မှာ ကျွန်တော်ဟာ အကောင်းဆုံး ဖြစ်လာမှာပါ” ဟု ဖယ်လ်ကာအိုက ပရီးမီးယားလိဂ်ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခုလက်ရှိတွင် အငှားဖြစ်သော်လည်း ဖယ်လ်ကာအိုမှာ နောက်ပိုင်းတွင် မန်ယူ၌ အမြဲတမ်းစာချုပ် ချုပ်ဆိုဖွယ်ရှိနေသည်။

မန်ယူတွင် နှစ်ပေါင်းများစွာနေချင်ပြီး သမိုင်းသစ်ရေးထိုးချင်ကြောင်း၊ ဒဏ်ရာမှ ပြန်သက်သာလာပြီးနောက် ကစားခဲ့သည့်ပွဲများတွင် မိမိမှာ ပိုမိုတိုးတက်ခဲ့ကြောင်း ဖယ်လ်ကာအိုက ထပ်လောင်းပြောကြားခဲ့သည်။




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...