Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဒီယေဂိုကော်စတာရဲ့ ဟက်ထရစ်နဲ့ ချယ်ဆီးနိုင်ပွဲဆက်၊ လီဗာပူး ပထမဆုံး အိမ်ကွင်း ရှုံးပွဲတွေ့၊ အဝေးကွင်းမှာ အာဆငနယ်ကို မန်စီးတီး သရေကန်

$
0
0

စက်တင်ဘာ ၁၄ ၊ ၂၀၁၄
M-Media

– ပရီးမီးယားလိဂ် ပွဲစဉ် ၄ ရဲ့ ပွဲ ၈ ပွဲကို ယမန်နေ့က ကစားခဲ့ပြီး မော်ရင်ဟိုရဲ့ ချယ်ဆီးက ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ကာ အာဆင်နယ်သရေကျခဲ့ပြီး လီဗာပူးလ်နဲ့ နယူးကာဆယ်တို့ကတော့ ရှုံးနိမ့်ခဲ့ပါတယ်။

ARSENAL VS MAN CITY

အစောဆုံးပွဲအဖြစ် ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ပွဲမှာတော့ ဒီမစ်ချယ်လီရဲ့ နောက်ကျဂိုးနဲ့ မန်စီးတီးတို့ အဖိုးတန် သရေတစ်မှတ်ရခဲ့ပါတယ်။ အာဆင်နယ်မှာ မန်ယူကပြောင်းလာတဲ့ ၀ဲလ်ဘတ်ပွဲထွက်ခဲ့သလို မန်စီးတီးအသင်းမှာလည်း ချယ်ဆီးကစားသမားဟောင်း လမ်းပတ်ပွဲထွက်ခဲ့ပါတယ်။ ပွဲအစမှာ အာဆင်နယ်တို့ ပိုကောင်းခဲ့ပေမယ့် ဦးဆောင်ဂိုးကိုတော့ ၂၈ မိနစ်မှာ မန်စီးတီးက ရခဲ့ပြီး အဂူရိုက သွင်းပေးခဲ့တာပါ။ ဒုတိယပိုင်းမှာ မန်စီးတီးတို့ ပွဲကို စိုးမိုးထားပေမယ့်
၆၃နဲ့ ၇၄ မိနစ်မှာ ၀ီလ်ရှိုင်းယားနဲ့ ဆန်းချက်တို့က အာဆင်နယ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အာဆင်နယ်က အနိုင်ကို ထိန်းဖို့ကြိုးစားခဲ့ပြီး ၈၃ မိနစ်မှာ မန်စီးတီးနောက်ခံလူ ဒီမစ်ချယ်လီက ခေါင်းတိုက်သွင်းပေးခဲ့တာကြောင့် မန်စီးတီးတို့ အဖိုးတန် အနိုင် ၁ မှတ် ရခဲ့တာဖြစ်ပါတယ်။

chal
ပြီးခဲ့တဲ့ သုံးပွဲစလုံးမှာ ရာနှုန်းပြည့်အနိုင်ရခဲ့တဲ့ ချယ်ဆီးနဲ့ ဆွမ်ဆီးတို့ရဲ့ပွဲမှာတော့ တိုက်စစ်မှူး ဒီယေဂိုကော်စတာရဲ့ ဟက်ထရစ်နဲ့ ချယ်ဆီးတို့ အောင်ပွဲခံခဲ့ပါတယ်။ ပွဲအစ ၁၁ မိနစ်မှာ ဂျွန်တယ်ရီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ချယ်ဆီးတို့ ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချေပဂိုးကိုတော့ ပထမပိုင်း ပြီးကာနီးမှ ဒီယေဂိုကော်စတာက သွင်းပေးခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ချယ်ဆီးတို့ ဂိုးသွင်းခွင့် ပိုရခဲ့ပြီး ၅၆နဲ့ ၆၇ မိနစ်တို့မှာ ဒီယေဂိုကော်စတာနဲ့ ၈၁ မိနစ်မှာ ရီမီတို့က အနိုင်ဂိုးတွေ ထပ်သွင်းပေးခဲ့ပါတယ်။ ၈၆ မိနစ်မှာ ဆွမ်ဆီးတို့ နှစ်သိမ့်ဂိုးတစ်ဂိုး ထပ်ရခဲ့ပေမယ့် ပွဲအဖြေကိုတော့ ပြောင်းလဲနိုင်ခြင်း မရှိပါဘူး။ ဒီပွဲအနိုင်ကြောင့် ချယ်ဆီးဟာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နေကာ ဒီယေဂိုကော်စတာဟာလည်း ၇ ဂိုးနဲ့ ဂိုးသွင်းအများဆုံးစာရင်း ထိပ်ဆုံးမှာ ပြတ်ပြတ်သားသား ရပ်တည်နေပါတယ်။
LIVERPOOL VS ASTON VILLA
ပြီးခဲ့တဲ့နှစ်မှာ အက်စတွန်ဗီလာကို နှစ်ပွဲစလုံးအနိုင်မရခဲ့တဲ့ လီဗာပူးလ်တို့ မနေ့က ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာလည်း အဘွန်လဟော်ရဲ့ အစောပိုင်းဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ဒီပွဲနိုင်ခဲ့တဲ့ ဗီလာကတော့ ၃ ပွဲနိုင် ၁ ပွဲသရေ ၁၀ မှတ်နဲ့ ချယ်ဆီးရဲ့အောက် ဒုတိယနေရာမှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ငွေကြေးအကုန်ကျခံပြီး အသင်းကိုပြင်ဆင်ခဲ့တဲ့နယူးကာဆယ်ကတော့ ဆောက်သက်တမ်ကို ၄ ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး အဲဗာတန်ကတော့ အဝေးကွင်းမှာ ၀က်စ်ဘရွန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၄ ရဲ့ စနေနေ့ ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အာဆင်နယ် ၂-၂ မန်စီးတီး
ချယ်ဆီး ၄-၂ ဆွမ်ဆီး
ခရစ္စတယ်ပဲလေ့စ် ၀-၀ ဘန်လေ
ဆောက်သက်တမ် ၄-၀ နယူးကာဆယ်
စတုတ် ၀-၁ လက်စတာ
ဆန်းဒါးလန်း ၂-၂ စပါး
ဝက်စ်ဘရွန်း ၀-၂ အဲဗာတန်
လီဗာပူးလ် ၀-၁ အက်စတွန်ဗီလာ




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...