Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

စည်သူအောင်မြင့်- ” Tomorrow အမုန်းတရားဖြန့်ဖြူးရာ စာမျက်နှာသစ်”

$
0
0

စက်တင်ဘာ ၂၅ ၊ ၂၀၁၄
မဇ္ဈိမ သတင်းဌာနမှ ကူးယူဖော်ပြသည်။
Tommorow
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှာ မောင်သစ္စာဆိုတဲ့ ကလောင်အမည်နဲ့ ရေးသားထားတဲ့ ‘အကြမ်းဖက်ဝါဒသည် နိုင်ငံတော်၏ ရန်သူဖြစ်သည်’ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ဖော်ပြလာပါတယ်။ ဆောင်းပါးထဲမှာ မြန်မာနိုင်ငံသား မွတ်စလင်တွေရဲ့ သမိုင်းကြောင်း၊ မြန်မာ့နိုင်ငံရေးမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ နိုင်ငံသား မွတ်စလင်တွေရဲ့ နာမည်တွေနဲ့ သူတို့ရဲ့ အခန်းကဏ္ဍစတာတွေ ဖော်ပြပြီး နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိဖို့ ဖော်ပြထားတဲ့ ဆောင်းပါးပါ။ တစ်ဆက်တည်းပဲ အခုကမ္ဘာကိုခြိမ်းခြောက်နေတဲ့ အယ်လ်ခိုင်ဒါရော ISIL ဆိုတဲ့အဖွဲ့တွေ ဆိုတာဟာ သူတို့ရဲ့ ဘာသာကို ကိုယ်စားမပြုတဲ့အကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်း၊ အကြမ်းဖက် အယူအဆ ဖြစ်တဲ့အကြောင်း ဖော်ပြထားပြီး မြန်မာနိုင်ငံအနေနဲ့ အဲဒီအကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ သွေးထိုးလှုံ့ဆော်မှု ထောင်ချောက်ထဲ ကျ မသွားဖို့လိုအပ်တဲ့အကြောင်း ရေးသားထားပါတယ်။

နိုင်ငံအနှံ့ကို ပျံ့နှံ့တဲ့ အစိုးရကို ကိုယ်စားပြုတယ်လို့တောင် ဆိုနိုင်တဲ့ မြန်မာ့အလင်း သတင်းစာမှာ ဒီလို ဆောင်းပါးမျိုး ဖော်ပြ လာတာကိုကြိုဆိုရမှာပါ။ အကြောင်းကတော့ မြန်မာ့အလင်း၊ ကြေးမုံလို့ဆိုတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်တဲ့ သတင်းစာတွေဟာ ခုလို အစ္စလာမ်ဘာသာရေးနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ အမှားအယွင်း အမည်းစက်ကြီးရှိခဲ့လို့ ဖြစ်ပါ တယ်။ ရခိုင်ပြည်နယ်မှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေမဖြစ်ပွားခင်က မသီတာထွေး အဓမ္မပြုကျင့်ခံရတဲ့ မှုခင်းသတင်းကို ကျူးလွန်သူတွေဟာ ဘယ်ဘာသာဝင်တွေ ဖြစ်တယ်ဆိုပြီး စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက် ဖော်ပြခဲ့ဖူးလို့ဖြစ်ပါတယ်။ ဒါတင်မက အဲဒီသတင်းစာမျက်နှာမှာပဲ ရခိုင်ပြည်နယ် တောင်ကုတ်မှာ အစ္စလာမ်ဘာသာဝင် ၁၀ ယောက် ရက်ရက်စက်စက် အသတ်ခံရတဲ့ သတင်း၊ ရခိုင်တွေက စုရုံးအကြမ်းဖက်ဖို့ ကြိုးစားတယ်ဆိုတဲ့ သတင်း စတာတွေကိုပါ တစ်မျက်နှာတည်း စုစည်းဖော်ပြခဲ့ဖူးလို့ ဖြစ်ပါတယ်။ ဘာသာရေး လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် တမင်လုပ်သလားလို့ သသံယပွားရသညအထိ ရေးသားဖြော်ပခဲ့ဖူးတဲ့ မြန်မာ့အလင်းသတင်းစာဟာ ဒီလို အကြမ်းဖက်မှုဆန့်ကျင်ရေး မွတ်စလင်ဘာသာဝင်တွေရဲ့ ရှုထောင့်ကနေ ရေးသားဖော်ပြတာမို့ ကြိုဆိုရခြင်းပဲ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အခြားတစ်ဖက်မှာတော့ ပုဂ္ဂလိက သတင်းဂျာနယ်တစ်စောင်ဟာ ဘာသာရေး လူမျိုးရေး အမုန်းပွားစေ နိုင်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ ရုပ်ပုံတွေ ရေးသား တင်ဆက်လာတာကို တွေ့လာရတဲ့ အခါ ဘယ်လိုများ အလှည့် အပြောင်းတွေ ဖြစ်ကုန်ပြီလဲလို့ မေးခွန်းထုတ်ရမယ့် အခြေအနေ ဆိုက်လာပါတယ်။ အဲဒီ ဂျာနယ်က Tomorrow ဂျာနယ်ပါ။ အခုအဒဲ အီ ကြောင်း ဆွေးနွေးကြညြ့်ကရအောင်။

အားလုံး မှတ်မိကြပါဦးမယ်။ မန္တလေး အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းနှစ်ကြိမ် ပြောပါတယ်။ တစ်ကြိမ်ကတော့ အကြမ်းဖက်မှုဖြစ်ပွားစေတဲ့ ကိစ္စကို ကိုင်တွယ် သွားမယ်လို့ ပြောခဲ့ပြီး နောက် တစ်ကြိမ်မှာတော့ စာနယ်ဇင်းတွေကို ‘ကိုင်’ တော့မယ်ဆိုပြီး ပြောသွားတာပါ။ သမ္မတရဲ့ အဲဒီမိန့်ခွန်းထဲမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အမုန်းတရားတွေ ပြန့်ပွားအောင် စာနယ်ဇင်း သတင်းမီဒီယာတွေကလည်း လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တစ်ခုလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး စာနယ်ဇင်းသမားတွေက သမ္မတပြောဆိုချက် မမှန်တဲ့အကြောင်း၊ ပုံနှိပ်မီဒီယာအများစုဟာ တတ်နိုင်သမျှ ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အမုန်းပွားစေမယ့် အရေးအသားမျိုး ရှောင်ရှားကြတဲ့အကြောင်း၊ တကယ်တော့ အဲလို အမုန်းတရား ဖြန့်ဖြူးတာတွေဟာ Facebook လိုအင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေ ဖြစ်တဲ့အကြောင်း၊ မန္တလေး မစိုးရိမ်တိုက်သစ်က အရှင်ဝီရသူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ၊ မတူကွဲပြား ပါတီခေါင်းဆောင် ဦး နေမျိုးဝေ တို့ရဲ့ စာမျက်နှာတွေကို စစ်ဆေးလိုက်ရင်အဲလို အမုန်းတရားဖြန့်ဖြူးတာ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာမျိုးတွေ တွေ့နိုင်တဲ့အကြောင်း၊ စစ်ဆေးဖို့ လိုတဲ့အကြောင်း တုံ့ပြန်ရေးသားခဲ့ကြပါတယ်။

အခု စာနယ်ဇင်းသမားတွေ ဝဋ်လည်ပြီ ထင်ပါတယ်။ အကြောင်းကတော့ တရားဝင် ပုံနှိပ်ထုတ်ဝေနေတဲ့ Tomorrow ဂျာနယ်တွေမှာ အဲဒီလို ရေးသားဖော်ပြမှုတွေကို ပုံမှန်လိုလို မြင်တွေ့လာရလို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က သတင်းခေါင်းစဉ် တစ်ခုမှာဆိုရင် ခုလို ဖော်ပြထားပါတယ်။ ‘စိတ်မနှံ့သူ အသက် ၁၈ နှစ်အရွယ် မြန်မာမလေးကို ဘာသာခြား အမျိုးသားက အကြိမ်ကြိမ် မုဒိန်းကျင့်မှု ကန့်ဘလူတွင်ဖြစ်ပွား’ လို့ ဖော်ပြထားပါတယ်။ ခေါင်းစဉ်ကို ကြည့်လိုက်တာနဲ့တင် ဒါဟာ စာနယ်ဇင်း ကျင့်ဝတ်အရ အဲလိုရေးဖို့ သင့်မသင့်၊ ဘာသာရေး အမုန်းပွားမှု ဖြစ်စေနိုင် မဖြစ်စေနိုင် အလွယ်တကူ သုံးသပ်နိုင်ပါတယ်။ အရင် မြန်မာ့အလင်း သတင်းစာရဲ့ မသီတာထွေး အဓမ္မပြုကျင့်ခံရမှု သတင်းရေးသားပုံကို သတိရစေပါတယ်။

နောက်ထပ် Tomorrow လုပ်ပေးခဲ့တဲ့ အာဏာရှင်ကြီးရဲ့ ကိုယ်ရေးအရာရှိ” ဆိုတဲ့ လက်ဇောင်းထက်ရဲ့ဆောင်းပါးပါ။ ဆောင်းပါး သရုပ်ဖော်ပုံမှာလေးဘက်ထောက်ထားတဲ့ မြန်မာမိန်းကလေး တစ်ယောက်ရဲ့ ကျောကုန်းပေါ်ကို အစ္စလာမ် ဘာသာဝင်လို့ သိသာတဲ့ မုတ်ဆိတ်နဲ့ အသားမည်းမည်း လူတစ်ယောက်က ခြေထောက်တင်ထားပြီး စစ်ဗိုလ်ကို ငွေပေးနေ တဲ့ပုံပါ။ အလွန်ဆိုးတဲ့ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုဖြစ်စေတဲ့ ဆောင်းပါးနဲ့ သရုပ်ဖော်ပုံပါ။ မပြီးသေးပါဘူး။ ခုတစ်ပတ် ထုတ်မှာတော့ မသေချာ မရေရာတဲ့အချက်တွေကို အခြေပြုပြီး ရေးထားတဲ့ သတင်းတစ်ပုဒ်ကတော့ ‘မောင်တောဒေသတွင် နေထိုင်သော၊ ဘာသာခြားများ ဆောက်လုပ်ထားသော၊ အိမ်များကို ကြည့်ခြင်းအားဖြင့် အယ်လ်ခိုင်ဒါသင်တန်း တက်ထားသူ အဖြစ်ခန့်မှန်း’ ဆိုပြီး ဖော်ပြထားပြန်ပါတယ်။ ပုံနှိပ်မီဒီယာတစ်ခုရဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြန့်ဖြူးနေပုံက
တော့ ကြောက်ခမန်းလိလိပါ။

Tomorrow ရဲ့ ထုတ်ဝေမှတ်တမ်းကို ကြည့်လိုက်တော့ Board of Director နေရာမှာ မာဂျေနဲ့ ဇော်သက်ထွေး၊ Contributor နေရာမှာ ဇာဂနာ ဆိုတဲ့ နာမည်တွေတွေ့ရပါတယ်။ တကယ် အံ့ဩစရာပါ။ ဇော်သက်ထွေးဆိုတာ စာနယ်ဇင်းကောင်စီ လြူကီးတစ်ယောက်ဖြစ်တဲ့အပြင် လူ့အခွင့်အရေး ဒီမိုကရေစီအရေး စာနယ်ဇင်းလွတ်လပ်ခွင့်ရအောင် လှုပ်ရှားနေသူပါ။ ဇာဂနာဆိုလည်း တိုင်းပြည်အတွက် အနစ်နာခံခဲ့တဲ့ လုပ်ကိုင်နေတဲ့ ဒီမိုကရေစီ သူရဲကောင်းကြီးပါ။ ဘာကြောင့် Tomorrow ဂျာနယ် အဲလို ရေးသားဖော်ပြနေကြသလဲ။ သူတို့တွေပဲ သိမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီလို ရေးသားဖော်ပြနေတာတွေဟာ တိုင်းပြည်ကို မီးလောင်တိုက်ထဲသွင်းမယ့် အမုန်းတရား ဖြန့်ဖြူးနေတာပဲဖြစ်ပြီး အပြင်းအထန်ကန့်ကွက် ပြစ်တင် ရှုတ်ချရမှာပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

မူရင်းလင့် =>http://mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/28695-tomorrow




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...